Wednesday, June 4, 2014

နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ထားတဲ့ ကန့်သတ် ချက်တွေ ဖြေလျှော့

ABC

မြန်မာအစိုးရက ​နိုင်ငံရေး ​အကျဉ်းသားတွေပေါ်မှာ ​ချမှတ်ထားတဲ့ ​ကန့်သတ်ချက်တွေကို ​လျှော့ပေါ့မှုလုပ်ပေးလိုက်ပြီးလို့ ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီက ​ပြောဆိုလိုက်ပါတယ်။

အဆိုပါ ​လျှော့ပေါ့ ​လိုက်တဲ့ ​ကန့်သတ်ချက်တွေဟာ ​လွတ်မြောက်ပြီးတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​နိုင်ငံကူး ​လက်မှတ်ထုတ်ပေးရေး ​ကိစ္စတွေ၊ ​အသက်မွေးဝမ်းကျောင်းဆိုင်ရာ ​ကိစ္စတွေ ​ပါဝင်တယ်လို့ ​နိုင်ကျဉ်း ​စိစစ်ရေး ​ကော်မတီက ​ပြောပါတယ်။

တနင်္ဂနွေနေ့က ​ပြုလုပ်တဲ့ ​လက်ကျန် ​နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီရဲ့ ​အစည်းအဝေးမှာ ​ဆုံးဖြတ်ချက် ​ချလိုက်တာဖြစ်ပြီး ​နိုင်ငံရေး ​အကျဉ်းသား ​တွေ ​ထပ်မံ ​လွတ်မြောက်လာဖို့ ​ဆွေးနွေး ​မှုတွေလည်း ​လုပ်ခဲ့တဲ့ ​အကြောင်း ​၈၈ ​မျိုးဆက် ​ကျောင်းသားဟောင်း ​ဦးကိုကိုကြီးက ​အခုလို ​ပြောပါတယ်။

“ထောင်က ​လွတ်လာတဲ့ ​အချိန်ကူစပြီး ​တစ်နှစ်ကို ​ဆိုင်းငံ့ပေါ့ ​စောင့်ကြည့်ကာလ ​ဆိုပြီးထားပြီးတော့ ​နိုင်ငံကူးလက်မှတ် ​မရဘူးဆိုတဲ့ ​ပြသနာတွေ ​ရှိတယ်။ ​အခုကတော့ ​အဲဒီဟာတွေ ​အားလုံး ​မရှိတော့ဘူး။ ​တကယ်လို့ ​နိုင်ငံကူးလက်မှတ်လျှောက် ​တဲ့အခါမှာ ​အခက်အခဲရှိတယ်ဆိုရင် ​ကျွန်တော်တို့ကို ​တင်ပြပေးလို့ရတယ်။ ​ဆိုတော့နေက်တစ်ုခက ​လွတ်လာပြီးတော့ ​ရှေ့နေ ​လိုင်စင်တို့ ​ဆရာဝန် ​ဒီဆမပေါ့နော်။ ​စတေဲ့ ​အသက်မွေးဝမ်းကြောင်းလုပ်ပိုင်ခွင့်တွေကို ​ပိတ်ပင်ထားတာတွေ ​ရှိတယ်။ ​ဟိုတုန်းက ​။ ​ပိတ်ပင်ထားတာတွေ ​တော်တော်များမျာလည်း ​ဒါတွေကို ​ပြန်ဖွင့်ပေးလိုက်ပြီးပြီ။ ​အဲဒီကြားထဲက ​မှ ​တကယ်လို့ ​ကျွေးကျန်နေတဲ့ ​ရှေ့နေလိုင်စင်မရဘူး။ ​ဆမ ​မရဘူးဆိုရင်လည်း ​ဒါတွေ ​အားလုံးကို ​ပိတ်ပင်ထားတာ ​မရှိဘူး ​တရားဝင်ပြောနိုင်တာကတော့ ​ဟိုတုန်းကလို ​ပိတ်ပင်ထားတာ ​မရှိတော့ဘူးပေါ့။”

လက်ကျန် ​နိုင်ငံရေး ​အကျဉ်းသား ​စီစစ်ရေး ​ကော်မတီရဲ့ ​ကျန်ရှိနေသေးတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ ၃၀ ​ကျော်အတွက်လည်း ​စီစစ် ​မှုတွေ ​ပြုလုပ်နေတယ်လို့ ​ဆိုပါတယ်။

No comments: