စ, ချိုကို
တစ်နိုင်ငံလုံး ဆက်သွယ်ရေးစခန်းပေါင်း ၈,၀၀၀ ခန့် တည်ဆောက်မည်
ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသော တယ်လီနောက မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၄ စက်တင်ဘာလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ကွန်ရက်ဖြန့်ကြက်ရာတွင် မိုဘိုင်း ဆက်သွယ်ရေးစခန်းပေါင်း ၈,၀၀၀ ခန့် တည်ဆောက်သွားမည်ဟု ဇွန် ၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် ရောင်းချသည့်အချိန်မှသာ အရောင်းဆိုင်များတွင် ငွေပေးချေကာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁,၅၀၀ နှင့် ရောင်းချသွားမည်ဖြစ်ကာ အရောင်းမြှင့်တင်မှု အစီအစဉ်များကို ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တယ်လီနောက ဆင်းမ်ကတ်များ စတင်ရောင်းချရာတွင် ဆင်းမ်ကတ်ပေါင်း သန်း ၃၀ အထိ ရောင်းချသွားရန် ပြင်ဆင်ထားသည်ဟု တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Petter Furberge က ပြောကြားထားသည်။
မိုဘိုင်းကွန်ရက်များ တည်ဆောက်ရာတွင်လည်း မိုဘိုင်းတာဝါတိုင်ပေါင်း တစ်ထောင်ခန့်ကို စတင်ဝန်ဆောင်မှုပေးနိုင်မည့် ကနဦးအချိန်တွင် တည်ဆောက်ထားမည်ဖြစ်ပြီး တစ်လလျှင် မိုဘိုင်းစခန်းပေါင်း ၃၀၀ မှ ၄၀၀ အထိ လစဉ်တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်သည်။
အင်တာနက်မြန်နှုန်းနှင့် ပတ်သက်၍ 3G ကွန်ရက်၌ ပုံမှန်အသုံးပြုသူများသော အချိန်တွင် 700 Kbps မှ 1 Mbps အထိ အသုံးပြုနိုင်မည်ပြီး အသုံးပြုသူနည်းသည့် အချိန်တွင် 4.6 Mbps အထိ ရရှိနိုင်မည်ဖြစ်သည်။ 2G ကွန်ရက်တွင် အင်တာနက်မြန်နှုန်း 100 Kbps မှ 150 Kbps အထိ ရရှိနိုင်ပြီး နောက်ပိုင်းတွင် 4G LTE စနစ်ကို ဆက်လက်ဝန်ဆောင်မှုပေးသွားဟုလည်း တယ်လီနောမြန်မာက ပြောကြားထားသည်။
အလားတူ ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရ အူရီးဒူးကုမ်္ပဏီကလည်း မိုဘိုင်းဆင်းမ်ကတ်များကို ဇူလိုင်လမှစ၍ သုံးလ အတွင်း ချထားပေးသွားမည်ဟု ထုတ်ဖော် ၏ပြောဆိုထားသည်။
No comments:
Post a Comment