ရှားမြာ - ဖေါနေဗလု
ပီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ (စနေနေ့) ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ဒီမောဆိုမြို့ ငွေတောင်ဆည် ကန်ဘောင်ပေါ်၌ အမျိုးသမီးတစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုရဲစခန်းမှ သိရသည်။
ထိုဖြစ်စဉ်မှာ ဒီးမော့ဆိုမြို့၊ ဒေါဖုကျေးရွာနေအသက် ၅၀ အရွယ် ဒေါ်ကိုမြာသည် တူဖြစ်သူ အသက် ၁၈ နှစ်ရှိ မောင်ဦးရယ်မောင်းနှင်လာသော ဆိုင်ကယ်ပေါ်ကို လိုက်ပါစီးနှင်းခဲ့ပြီး ဒီမော့ဆိုမှ လွိုင်ကော်သို့ သွားသော လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် ငွေတောင်ဆည် ကန်ဘောင်ပေါ် ရေလွတ်မြောင်းသို့  အရောက်တွင် ဒေါ်ကိုမြာမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပြုတ်ကျပြီးနောက် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁) ချက်၊ ယာလက်ပမိုး ပွန်းပဲ့ဒဏ်ရာ(၁) ချက်တို့ ရရှိကာ လွိုင်ကော်ဆေးရုံသို့ သွားရောက်ကုသခံရန်ပို့ဆောင်ချိန် (၇း၁၅) ခန့်တွင် သေဆုံးသွားကြောင်း ဒီးမော့ဆိုရဲစခန်းမှ သိရှိရသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်သော တူဖြစ်သူ မောင်ဦးရယ်အား ဆိုင်ကယ် မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၀၄- က/၂၇၉ ဖြင့် ဒီးမော့ဆိုရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

No comments:
Post a Comment