Friday, June 13, 2014

ရခိုင်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဖို့ လူတချို့က ဆန္ဒပြတောင်းဆိုခဲ့

ABC

ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေ ​မပြင်ဆင်ရေးအတွက် ​လူအင်အား ​၁၅၀ ​ခန့်က ​ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သက်ဆိုင်ရာရဲ့ ​ခွင့်ပြုချက်နဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေ ​မပြုပြင်ရေး ​ဆန္ဒပြမှုတွေ ​ပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

ဖွဲ့စည်းပုံကိုပြင်လိုက်ရင် ​ရသေ့တောင်၊ ​ဘူးသီးတောင်၊ ​မောင်တောမြို့နယ်တွေ ​မွတ်စလင်တွေရဲ့ ​လက်ထဲ ​ရောက်နိုင်တဲ့အတွက် ​ဖွဲ့စည်းပုံကို ​မပြင်စေလိုတာဖြစ်ကြောင်း ​ဆန္ဒပြ ​ခေါင်းဆောင်သူတစ်ဦးဖြစ်တဲ့ ​အာရကန်မောင်လှ ​(ခ) ​ဦးအောင်သန်းနုက ​ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက ​ဗုဒ္ဓဘာသာ ​ကမ္ဘာတည်သရွေ့ ​အဓွန့်ရှည်ရေး၊ ​အမျိုးစောင့်ဥပဒေ ​အမြန်ဆုံးပေါ်ထွက်ရေး ​၊ပုဒ်မ ​၅၉(ဃ)( ​စ) ​လုံးဝ ​မပြင်ရေး၊ ​ပုဒ်မ ​၄၃၆လုံးဝမပြင်ရေး ​အချက်တွေအပြင် ​သမ္မတ ​ကို ​ထောက်ခံ ​ကြောင်းလည်း ​ပြောဆိုခဲ့ ​ကြပါတယ်။

ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပါ ​အချက်တချို့ကို ​ပြင်ဆင်ဖို့ ​အမျိုသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်-NLD ​နဲ့ ​၈၈ ​ငြိမ်းချမ်းရေးနဲ့ ​ပွင့်လင်း ​လူ့အဖွဲ့ ​အစည်းတို့က ​လှုပ်ရှားနေ ​ချိန်မှာပဲ ​အခြေခံ ​ဥပဒေကို ​မပြင်ဖို့ ​တောင်းဆို ​မှုတွေ ​ထွက်ပေါ်လာတာ ​ဖြစ်ပါတယ်။ 

တဆက် ​တည်းမှာပဲ ​ပုဒ်မ ​(၄၃၆) ​ပြင်ဆင်ရေး ​အတွက် ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်နဲ့ ​၈၈ ​ပွင့်လင်းလူ့ ​အဖွဲ့အစည်း ​တို့က ​ မော်လမြိုင်မြို့ ​ဟုံစံစီ ​တရုတ်ဘုံကျောင်းမှာ ​ဟောပြောပွဲတွေ ​ပြုလုပ်ဖို့ရှိပေမယ့်လည်း ​နောက်ပိုင်းမှာ ​ဘုံကျောင်းက ​ဟောပြောပွဲကို ​လက်ခံတော့တဲ့အတွက် ​နေရာရွှေ့ပြောင်းမှု ​လုပ်လိုက်ရတယ်လို့ ​ဆိုပါတယ်။

ပုဒ်မ ​၄၃၆ ​ပြင်ဆင်ရေး ​ဟောပြောပွဲကို ​မနက်ဖြန်မှာ ​ပြုလုပ်မှာဖြစ်ပေမယ့် ​တရုတ်ဘုံကျောင်းကို ​ဘယ်သူဘယ်ဝါမှန်းမသိပဲ ​ဖုန်းကနေတဆင့် ​ခြိမ်းခြောက်စကားပြောဆိုလာတဲ့အတွက် ​ဘုံကျောင်းက ​လက်ခံဖို့ ​ငြင်းဆိုရတာဖြစ်တယ်လို့လည်း ​ပြောဆိုနေကြပါတယ်။

အဲဒါကြောင့် ​သံလွင်ဥယျာဉ်အတွင်းရှိ ​New ​Sky ​ခန်းမမှာ ​ကျင်းပ ​ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: