ရေခဲ(ပြည်)
ကျေးရွာမီးလင်းရေး ရန်ပုံငွေစာရင်းများ ထုတ်ဖော်၍ ရန်ပုံငွေကို အလွဲသုံးစားပြုလုပ်ပါက အရေးယူပေးရန် ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၅ရက်က ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့ အနောက်လခုပင်ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း မလုပ်ဖြစ်တော့ဟု စီစဉ်နေသူ ကိုဝင်းလှိုင်က ပြောသည်။
"ဆယ်ရက်အချိန်ပေးခဲ့တယ်။ စခန်းမှူးက ငွေစာရင်းရှင်းတန်း တောင်းပေးမယ်လို့ ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားမှာဆိုးလို့ ဆန္ဒပြပွဲမလုပ်တော့ဘူး။ ငွေကြေးကွာဟရင်တော့ အလွဲသုံးစားမှုနဲ့ အရေးယူပေးရမယ် " ဟုကိုဝင်းလှိုင်ကဆိုသည်။
အနောက်လခုပင် ကျေးရွာအုပ်စုတွင်၂ဝဝ၈ခုနှစ်မဖှစ၍ ကျေးရွာမီးလင်းရေး ကော်မတီဖွဲ့စည်း၍ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကော်မတီမှ မြေနုကျွန်း ရောင်းရငွေများ၊ ကျေးရွာအတွင်း ကောက်ခံငွေများကို ရန်ပုံငွေအဖြစ် ထိန်းသိမ်းထားခဲ့သော်လည်း ကျေးရွာနေလူထုကို စာရင်းဇယားများ ချမပြသည့် အပြင် ယခုအချိန်အထိ မီးမလင်းသေးသဖြင့် ဇွန်လ ၅ရက်တွင် ကျေးရွာသားများစုပေါင်းဆန္ဒပြရန် စီစဉ်ခဲ့သည်။ သို့သော် ဇွန်လ ၄ရက် ညနေက အနောက်လခုပင်ကျေးရွာအုပ်စု အခြေခံပညာ မူလတန်းကျောင်းတွင် ပြည်မြို့ အမှတ် ၁ရဲ့စခန်းမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့များက ဆန္ဒပြသူများနှင့် ဆန္ဒပြခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အကြား ညှိနှိုင်းမှုများ ပြုလုပ်၍ ဆန္ဒပြမည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။
၂ဝဝ၈ခုနှစ် မှ ၂ဝ၁ဝခုနှစ် အတွင်းတွင် ရပ်ရွာမှကောက်ခံငွေများ မြေနုကျွန်းရောင်းစားငွေများ အပါအဝင် ကျေးရွာရံပုံငွေသိန်း(၅ဝဝ)ခန့် ရရှိသည်ဟု စာရင်းသိထားပြီး ကျေးရွာမီးလင်းရေး ကော်မတီက သိန်း ၉ဝ ရန်ပုံငွေရှိကြောင်းနှင့် လျှပ်စစ်မီးလင်းရေးအတွက် ငွေသိန်း ၇ဝကျော် အသုံးပြုထားပြီး သိန်း၂ဝကျော်ကို ဘဏ်တွင် အပ်နှံထားကြောင်း စာရင်းပြသည်။
ထိုစာရင်းတွင် လျှပ်စစ်ဌာနသို့ လာဒ်ငွေ ၁၉သိန်းကျော် မြို့ယ်အုပ်ချုပ်ရေးမှူးရုံးသို့လာဒ်ငွေ(၂)သိန်း ပေးရပြီး ကျေးရွာတွင် ယခုအချိန်တိုင် လျှပ်စစ်မီးမရရှိကြောင်းနှင့် စာရင်းဇယားအသေးစိတ်ကို ရှင်းပြပေးလိုကြောင်း ဆန္ဒပြရန်စီစဉ်သူများက ဝေဖန်ထောက်ပြခဲ့သည်။
ယင်းအပြင် ၂ဝ၁ဝခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း မြေနုကျွန်းရောင်းရငွေ ကျပ်သိန်း(၅ဝ)ကျော် ရရှိသည်ဟု စာရင်းသိထားသော်လည်း မီးလင်းရေးကော်မတီဘက်မှ ဘဏ်အပ်ငွေ သိန်း(၃ဝ)ကျော်သာရှိကြောင်း ဝယ်စာရင်းကိုပြမပေးနိုင်ကြောင်း ပြန်လည်ညှိနှိုင်းခဲ့သည်။
အဆိုပါညှိနှိုင်းပွဲတွင် ကြားဝင်ညှိနှိုင်းပေးသူ ပြည်မြို့ အမှတ်(၁)စခန်းမှူးဦးမျိုးဝင်းက "ကောက်ခံထားတဲ့စာရင်းနဲ့ ရသုံးငွေစာရင်းပေးရမယ်။ မကျေနပ်ရင် မကျေနပ်တာကို အပြတ်ပြော။ ဥပဒေအရညိစွန်းရင်တော့ ညိစွန်းတဲ့လူ အရေးယူသွားမယ်" ဟုပြောသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲအပြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဦးဖြစ်သည့် မီးလင်းရေးကော်မတီအား မဇ္ဈိမသတင်းဌာနမှ တွေ့ဆုံမေးမြန်းခွင့် တောင်းခဲ့သော်လည်း မေးမြန်းခွင့်မရခဲ့ပေ။
No comments:
Post a Comment