Sunday, June 8, 2014

လက်ရှိအစိုးရလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဝင်ရောက်

စည်သူအောင်

သမ္မတဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရလက်ထက် သက်တမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ၀င်ရောက်မြှုပ်နှံခွင့်ပြုထားသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ် လာ ၁၀,၄၃၀ ဒသမ ၅၆၅ သန်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခင်က ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတွင်သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု များနေရာမှ ယခုကုန်ထုတ်လုပ် မှု၊ ပို့ဆောင် ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေကဏ္ဍတို့သို့ ၀င်ရောက် မှုများလာ သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၄,၃၀၀ ကျော် မြှုပ်နှံခွင့်ပြုခဲ့ခြင်းကြောင့် လက်ရှိအစိုးရ လက် ထက်တွင် လျှပ်စစ်ကဏ္ဍက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အများဆုံးကဏ္ဍအဖြစ်ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ယခင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြားရရှိခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၅၆ သန်းကျော်သာ ၀င်ရောက်ခဲ့သည်။

လက်ရှိအစိုးရလက်ထက်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ကန်ဒေါ်လာ ၂,၃၀၅ သန်းကျော်၊ ပို့ဆောင် ဆက်သွယ် ရေးကဏ္ဍသို့ ကန်ဒေါ်လာ ၁,၃၅၀ သန်း ကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသို့ ကန် ဒေါ်လာ ၇၉၀ သန်းကျော်၊ အိမ်ခြံ မြေကဏ္ဍသို့ ကန်ဒေါ်လာ ၄၄၀ သန်းကျော် ၀င်ရောက်ခဲ့သည်။

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သတ္တုကဏ္ဍများသို့ လက်ရှိအစိုးရသက်တမ်းအတွင်း နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုနည်းပါးခဲ့ပြီး ကန်ဒေါ်လာ သန်း ၂၀၀ နီးပါးသာရှိခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ၂၀၁၄ခုနှစ် နှစ်စပိုင်းမှ မေလကုန်အထိ နိုင်ငံခြားလုပ်ငန်း ၇၈ ခု ကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့်လက်ခစား အပ်ကုန်စနစ်ဖြင့်လုပ်ကိုင်မည့် အထည် ချုပ်လုပ် ငန်းများ အများဆုံးဝင်ရောက်ခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄၈ ဘီလီယံ မြှုပ်နှံခွင့်ပြုထားပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းကဏ္ဍငါးခုမှာ ရေအားလျှပ်စစ်၊ ရေနံနှင့်သဘာ ၀ဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှု၊ သတ္တု တွင်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းတို့ဖြစ်သည်။

ယခုနှစ်ပိုင်းများအတွင်း နိုင်ငံခြားလုပ်ငန်းများ ပိုမိုဝင်ရောက်လာခဲ့သည့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေ ရိ ကန်ဒေါ်လာ ၄ ဒသမ ၀၃ ဘီလီယံ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ၈၅ ဘီလီယံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၆၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခွင့် ပြုထားသည်။

No comments: