Monday, June 16, 2014

ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ နိုင်ငံတကာ အားပေးမှုကို ဒေါ်စုတောင်းဆို

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​မြန်မာနိုင်ငံရဲ့ ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပြောင်းလဲရေးတွေမှာ ​နိုင်ငံတကာအနေနဲ့ ​အားပေးမှုတွေလုပ်ဖို့ ​ပြောဆိုလိုက်ပါတယ်။

မြန်မာ ​စစ်တပ် ​ကိုလည်း ​professional ​စစ်တပ် ​ဖြစ်တာကို ​မြင်လို ​တဲ့ ​အ ​ကြောင်း ​နီပေါ ​နိုင်ငံ ​ကို ​ရောက်နေ ​တဲ့ ​ဒေါ်အောင်ဆန်း ​စုကြည်က ​ပြောပါတယ်။

စစ်မှန်တဲ့ ​ဒီမိုရေစီ ​ရွေးကောက်ပွဲ ​တွေမှာ ​ဝင်ပါ ​လိုကြောင်း ​ဒေါ်အောင်ဆန်း ​စုကြည်က ​ပြောဆိုခဲ့ပြီး ​လွတ်လပ်တဲ့ ​ရွေးကောက်ပွဲ ​သာမဟုတ်ပဲ ​တရားမျှတတဲ့ ​ရွေးကောက်ပွဲ ​ဖြစ်စေ ​လိုကြောင်းလည်း ​ပြောပါတယ်။

ဒါပေမဲ့ ​ဒေါ်အောင်ဆန်း ​စုကြည်လို ​နိုင်ငံခြားသား ​မိသားစုဝင် ​ရှိတဲ့ ​ပုဂ္ဂိုလ်ကို ​ပုဒ်မ ​၅၉ ​(စ) ​အရ ​သမ္မတ ​ဖြစ်ခွင့်မပေး ​ထားသလို ​အဲဒီ ​ပုဒ်မကို ​မပြင်ဖို့ ​လွှတ်တော်က ​ဆုံးဖြတ် ​လိုက်တဲ့အတွက် ​၂၀၁၅ ​ခုနှစ် ​ရွေးကောက်ပွဲကျရင် ​ဒေါ်အောင်ဆန်း ​စုကြည်အနေနဲ့ ​သမ္မတလောင်းအဖြစ် ​အရွေးခံခွင့် ​ရှိမှာ ​မဟုတ်ပါဘူး။

ဒေါ်အောင်ဆန်း ​စုကြည်ဟာ ​ပြီးခဲ့တဲ့ ​သောကြာနေ့ ​ကတည်းက ​နီပေါနိုင်ငံကို ​ရောက်ရှိနေ ​တာဖြစ်ပြီး ​နီပေါခရီးစဉ်အတွင်း ​နီပေါသမ္မတနဲ့ ​တွေ့ဆုံခဲ့သလို ​နီပေါ ​ပါလီမန်နဲ့ ​နီပေါနိုင်ငံက ​အထင်ကရ ​ဘုရားကို ​လည်ပတ်တဲ့အပြင် ​နီပေါနိုင်ငံရဲ့ ​ဂုဏ်အရှိဆုံး ​ငြိမ်းချမ်းရေး ​ဆုကိုလည်း ​လက်ခံရရှိခဲ့ပါတယ်။

No comments: