Thursday, June 5, 2014

ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စလင် နှစ်ဖက်စလုံးကို သြစီကြက်ခြေနီကူညီ

ABC

မြန်မာနိုင်ငံ ​အနောက်ဘက်ခြမ်း ​ရခိုင်ပြည်နယ်အတွင်းမှာ ​ရှိတဲ့ ​မြန်မာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင် ​လူမျိုးတွေဆီကို ​ညီတူညီမျှ ​အထောက်အကူတွေ ​ပေးဝေနေတယ်လို့ ​သြစတြေးလျ ​ကြက်ခြေနီအဖွဲ့ကဆိုပါတယ်။

ဒီနှစ် ​နှစ်ဆန်းပိုင်း ​ကပဲ ​ရခိုင်ပြည်နယ် ​အတွင်းမှာ ​ကျန်း ​မာ ​ရေး ​စောင့် ​ရှောက် ​မှု ​ပေးနေ ​တဲ့ ​နိုင်ငံတကာ ​ကျန်းမာရေး ​အဖွဲ့တခုဖြစ်တဲ့ ​နယ်စည်းမခြား ​ဆရာဝန်များအဖွဲ့ ​MSF ​ကို ​မျက်နှာ ​လိုက်မှုတွေနဲ့ ​သတင်းအချက် ​အလက် ​မှားယွင်း ​ပြောပြ ​မှုတွေကြောင့် ​ဒေသခံ ​အာဏာ ​ပိုင်တွေက ​ကျန်းမာရေး ​စောင့်ရှောက်ခွင့် ​ပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေ ​အနေနဲ့ ​အကူအညီပေးရာမှာ ​ဘက်လိုက်မှုတွေ ​ရှိတဲ့အတွက် ​ဒေသခံတွေနဲ့ ​တင်းမာမှုတွေ ​ဖြစ်ခဲ့ပြီး ​နိုင်ငံတကာ ​အဖွဲ့တွေရဲ့ ​လုပ်ငန်းတွေကိုပါ ​ခေတ္တ ​ရပ်ဆိုင်း ​ခဲ့ရပါတယ်။

ဒါပေမယ့် ​အခုလို ​နှစ်ဘက်စလုံးက ​လူမှုအသိုင်းအ၀ိုင်းကို ​အကူအညီပေးနေတဲ့ ​အတွက် ​ဒေသခံ ​အာဏာပိုင်တွေ ​ကလည်း ​သြစတြေးလျ ​ကြက်ခြေနီအဖွဲ့ရဲ့ ​လုပ်ငန်းတွေကို ​ထောက်ခံ ​ကူညီနေကြတယ်လို့ ​မြန်မာနိုင်ငံမှာ ​တာဝန် ​ထမ်းဆောင်နေတဲ့ ​သြစတြေးလျ ​ကြက်ခြေနီဝန်ထမ်း ​Fie ​Lauritzen ​ကပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ​နိုင်ငံရေးအရ ​အရမ်းကို ​ထိလွယ်ရှလွယ်တဲ့ ​နေရာတခုဖြစ်တဲ့အတွက် ​နှစ်ဘက်စလုံးကို ​ညီတူညီမျှအကူအညီပေးဖို့ ​အရမ်းကို ​အရေးကြီးကြောင်းလည်း ​သြစတြေးလျ ​ကြက်ခြေနီအဖွဲ့က ​ဆိုပါတယ်။

No comments: