ABC
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ပြည်နယ်တွေမပါဝင်ပဲ တိုင်းဒေသကြီးတွေမှာသာ ကျင့်သုံးသွားမှာဖြစ်တဲ့အကြောင်း ဇွန်လ ၂၃ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲ တွေမှာ PR ခေါ်အချိုးကျ ကိုယ်စားပြု စနစ်ကို လက်ခံ ကျင့်သုံးဖို့ NDF ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ကနေ တင်သွင်း ခဲ့တဲ့ အဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ အတည်ပြု ခဲ့ပြီးနောက် PR စနစ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေ ကြားမှာ သဘောထား ကွဲလွဲ မှု တွေရှိနေတာ ဖြစ်ပါတယ်။
NDF ပါတီ အနေနဲ့ PRစနစ်ကို တိုင်းဒေသကြီးတွေ မှာသာ ကျင့်သုံးဖို့ လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ် တယ်လို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။
“PR ကို ကျနော်တို့ တင်သွင်း တယ်ဆိုတာက PRကိုကျင့်သုံးဖို့က တိုင်းတွေမှာပဲ တိုင်းဒေသကြီးတွေပေါ့ ကျင့်သုံးဖို့ တင်သွင်းတာပါ၊ ပြည်နယ်တွေပေါ့ တိုင်းရင်းသားတွေရှိတဲ့ ပြည်နယ်တွေမှာ ကျင့်သုံးဖို့မပါပါဘူး၊ လွှတ်တော်မှာ တင်ကထဲကို ကဒါပါပါတယ်၊ မတင်ခင်ကလည်း ပါတီမှာ ဆုံးဖြတ်ပြီး မှတင်တာပါ၊ လော လောဆယ်တော့ တချို့တွေကသေချာမသိတဲ့အခါကျတော့ တိုင်းတွေမှာရော၊ ပြည်နယ်တွေမှာရော ကျင့်သုံးဖို့ တင်တယ်လို့ အထင်မှားနေတာတွေ ရှိပါတယ်၊ ဒါကိုရှင်းလင်းစေချင်လို့ ထုတ်ပြန်ပေးတာဖြစ်ပါတယ်။”
PR စနစ်ကို ကျင့်သုံးဖို့ လွှတ်တော်မှာ အဆို တင်သွင်း ခဲ့တဲ့အတွက် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက် တာတွေ ခံခဲ့ရ တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“PR ကို ကျနော်တို့ တင်တဲ့ အတွက်ကြောင့်မို တင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကို ဖုန်းနဲ့ ၂ခါ ခြိမ်းခြောက် တာခံရပါတယ်၊ ပိုက်ဆံယူ ပြီးတော့ PRကိုတင်ပေးတယ်ပေါ့ အဲလို စွပ်စွဲတယ်၊ အထောက် အထားခိုင်လုံမှုမရှိပဲနဲ့ ကျနော်တို့ကို လာစွပ်စွဲတယ်လေ၊ ဒီလိုကျနော်တို့ကို ရမ်းသမ်းပြီးတော့ စွပ်စွဲတာမျိုးကျနော်တို့လက်မခံဘူး၊ ပြန်လည်းမတုံ့ပြန်ဘူး။”
NDF ပါတီက တင်သွင်း ခဲ့တဲ့ PRခေါ် အချိုးကျ ကိုယ်စားပြု စနစ်နဲ့ ပတ်သက်ပြီး လက်မခံ တဲ့အကြောင်း တိုင်းရင်းသား ပါတီ တွေဘက်က ကန့်ကွက်မှု တွေရှိနေပြီး အမျိုးသား လွှတ်တော်မှာ PR စနစ် ကျင့်သုံး နိုင်ရေး အတွက် ဖွဲ့စည်း လိုက်တဲ့ ကော်မရှင် ထဲမှာ ပါဝင်နေတဲ့ အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တွေကလည်း ကော်မတီကနေ နှုတ်ထွက် လိုက်တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။
No comments:
Post a Comment