ABC
မြန်မာအစိုးရက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေရဲ့ အမြင် သဘောထား တုန့်ပြန်မှုတွေကို ရရှိဖို့အတွက် အဆိုပါ မူကြမ်းတစ်ခုလုံးကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းဟာ မျိုးစောင့် ဥပဒေမူကြမ်း ရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဒီအငြင်းပွားစရာ ဖြစ်နေတဲ့ ဥပဒေမူကြမ်းကို ရေးဆွဲဖို့ အတွက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ကော်မတီတရပ် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့ ဘာသာရေး လွပ်လပ်ခွင့်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ဥက္ကဌ ဦးသာအေး ခေါ် အဘူ တာဟေးက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီမျိုးစောင့်ဥပဒေမူကြမ်းကို ကန့်ကွက်နေကြပါတယ်။
No comments:
Post a Comment