ကိုတိုးကြီး
မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးတွင် ညအချိန်များ၌ အပန်းဖြေအနားယူနေသည့် မိန်းမလျာများအား မှုခင်းကြို တင်ကာကွယ်ရေးဟုဆိုကာ လှည့်ကင်းရဲအဖွဲ့များက မေ ၃၀ ရက်က ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက ပြောသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ ပြစ်မှုတစ်စုံ တစ်ရာကျူးလွန်နိုင်သည့် အကြောင်းများရှိသည်ဟုယူဆလျက် ယင်းကဲသို့ခေါ်ယူစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မုံရွာမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းက ညဦးပိုင်း လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ စုပေါင်း ကာ ပြစ်မှုကျူးလွန်နိုင်သည့် အခြေအနေရှိသည်ဟု ယူဆရသည့် မသင်္ကာသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။
မသင်္ကာဖွယ်ရာ အခြေအနေရှိသူများ ကို မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် ခေါ်ယူစစ် ဆေးမေးမြန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း မုံရွာမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူခံရသည့် ပြစ်မှု ဖြစ်စဉ်များအတွက် စုံစမ်းဆဲ ကာလသာ လျှင်ဖြစ်သည်ဟု နယ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။
ထို့ပြင် ယာဉ်အချက်ပြအယ်အီးဒီ မှိတ်တုတ်မီးခွက်များ ရိုက်ချိုးဖျက်ဆီးခံရသည့် အမှုများလည်း ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးဟု အမှတ်(၁၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲမှူးရုံး မှတ်တမ်းများတွင် ဖော်ပြ ထားသည်။
No comments:
Post a Comment