ကေဇူး
တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုကြောင့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ သွားရောက်မည် ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဇွန် ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။
တရုတ် ကွန်မြူနစ်ပါတီက ယင်းပါတီ၏ ဖွဲ့စည်းပုံ နှင့် သဘောထားများကို ရှင်းလင်းခြင်း၊ တိုင်းရင်းသားလူမျိုးများအပေါ် ထားရှိသော သဘောထားများကို ရှင်းလင်းရန် စီစဉ်ထားမှုများ ဖိတ်ကြားစာတွင် ပါဝင်သည်ဟု ဦးအေးသာအောင်ကပြောသည်။
“ပြောခွင့်ရမယ်ဆိုရင်တော့ မြန်မာ နိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုတွေရဲ့ အခြေအနေတွေကို ကွန်မြူနစ် ပါတီကမှတစ်ဆင့် တရုတ်အစိုးရကို တင်ပြဖို့ရှိတယ်" ဟု ဦးအေးသာအောင်က ဆိုသည်။
တရုတ် ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားပါတီ ANPမှ ဦးအေးသာအောင်၊ ဦးကျော်မြင့် နှင့် ဦးဦးလှစောတို့ သွားရောက်ကြမည် ဖြစ်သည်။
ဇွန် ၁၆ ရက်က စတင်ထွက်ခွာမည့် ခရီးစဉ်သည် ဇွန် ၂၅ ရက်အထိ ၁ဝ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ပီကင်းမြို့ကို သွားရောက်ရန် ဖိတ်စာတွင် ဖော်ပြထားသည်။
ခရီးစဉ်တွင် တွေ့ဆုံရမည့် တာဝန်ရှိသူများကိုမူ ကြိုတင် ပြောကြားထားခြင်းမရှိဟု ဦးအေးသာအောင်ကပြောသည်။
ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များဖြစ်သော ဦးအေးသာအောင် နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီလ အတွင်းက မလေးရှားနိုင်ငံ ကိုသွားခဲ့ပြီး ယင်းခရီးစဉ်တွင် အမည်မသိ လူတစ်စု၏ ပစ်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။
No comments:
Post a Comment