Monday, June 2, 2014

မြန်မာ-ဘင်္ဂလားနယ်စပ်တွင် တပ်ဖွဲ့များ စုစည်းပြင်ဆင်ရန် ဘင်္ဂလားလွှတ်တော်ဖိအားပေး

Mizzima

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပစ်လိုက်သော လက်နက် ထိမှန်ကာ ဘင်္ဂလားဒေ့ရှ် စစ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်၊ နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ရာ၊ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်စပ် ဒေသတစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ် အပိုဆောင်း တပ်ဖွဲ့များ (စစ်ကူတပ်ဖွဲ့များ) ဖြင့် စုစည်းပြင်ဆင်ရန် ဘင်္ဂလားဒေ့ရှ် လွှတ်တော်က ဖိအားပေးတိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) သည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့ (BGB) တစ်ဖွဲ့အား ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်သားတစ်ဦး သေဆုံးသွားခဲ့သဖြင့် မေလ ၂၉ရက်က တင်းမာမှုများ မြင့်တက်လာခဲ့ရာ၊ Nykhangchhari နယ်စပ်ဒေသ တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ် စစ်ကူတပ်ဖွဲ့များ တပ်ဖြန့်ထားရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

No comments: