Monday, June 16, 2014

နှင်းဆီဖြူ လစဉ်ထုတ်မဂ္ဂဇင်း ထုတ်ဝေခြင်း မိတ်ဆက်ပွဲကျင်းပ

ခင်မြတ်မြတ်ဝေ

နှင်းဆီဖြူ လစဉ်ထုတ် မဂ္ဂဇင်း စတင်ထုတ်ဝေခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ အလုံလမ်းရှိ မိုင်ဂါဒင်းစားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။

နှင်းဆီးဖြူ မဂ္ဂဇင်း အတွဲ၁၊ အမှတ် ၁ကို ဇွန်လ ၁ရက်က စတင်ထုတ်ဝေခဲ့သည်။

အခမ်းအနားတွင် မဂ္ဂဇင်းကို ဦးစီးထူထောင်သူတစ်ဦးဖြစ်သည့် ကိုဘိုဘိုဝင်း( ရသအလင်းဖေါင်ဒေးရှင်း)က နှင်းဆီဖြူမဂ္ဂဇင်း၏ အခြေခံသဘောထားနှင့် မဂ္ဂဇင်းဖြစ်ပေါ်လာရပုံကို ရှင်းပြခဲ့သည်။ တာဝန်ခံစာတည်း ကဗျာဆရာ မိုဃ်းဇော်ကလည်း ခေတ်ပြိုင်စာပေအနုပညာ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရန် ရုန်းကန်ကြိုးပမ်းမှုများကို ရှင်းပြသည်။

အထူးသဖြင့် နှင်းဆီဖြူမဂဇင်းမှာ ရသစာပေကို အဓိကအားပြုမည်ဖြစ်ဟု ကဗျာဆရာ မိုဃ်းဇော်က ရှင်းပြခဲ့သည်။

တက်ရောက်လာသူများထဲမှ စာရေးဆရာ ကြည်မင်း၊ စာရေးဆရာမောင်သာချိုတို့ကလည်း အမှာစကားအနည်းငယ်စီပြောပြီး အခမ်းအနားကို ညနေ လေးနာရီတွင် ရုပ်သိမ်းခဲ့သည်။ အခမ်းအနားကို ကဗျာဆရာ စာရေးဆရာ ၁၅ဝ ကျော်တက်ရောက်ခဲ့သည်။

No comments: