စည်သူအောင်
အကောက်ခွန်ဦးစီးဌာနက၂၀၁၄ ခုနှစ် ဧပြီနှင့်မေလအတွင်း ကျပ်သန်း ၈၀၀ နီးပါးတန်ဖိုးရှိ အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
ဧပြီလ ၁ရက်မှ မေလ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ လေဆိပ်၊ ရေဆိပ်များမှ စုစုပေါင်းအမှုတွဲ ၆၅မှု၊ စုစု ပေါင်းခန့်မှန်း တန်ဖိုးကျပ် ၄၉၃ ဒသမ ၁၆သန်းခန့်ဖမ်း ဆီးရရှိခဲ့သည်။ ထို့အတူ နယ်မြေဒေသများမှအမှု တွဲ စုစုပေါင်း ၃၈ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၂၉၉ ဒသမ ၇၁ သန်းခန့် ဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်း အမှုတွဲ ၁၀၃ မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၇၉၂ ဒသမ ၈၇ သန်း ခန့်ကို တားဆီးနိုင်ခဲ့ကာ အကောက်ခွန် ဥပဒေများအရ အရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရရှိ သောပစ်္စည်းများတွင် မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူ တာနှင့် ဆက်စပ်ပစ္စည်းများ၊ အလှကုန်များ၊ စီစီတီဗီကင် မရာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်စိမ်း လက် ၀တ်ရတနာများ၊ မော်တော်ယာဉ်များ၊ ဆေးဝါးများ စသည်တို့ပါဝင်သည်။
မြန်မာနိုင်ငံတွင် တရားမ၀င်အကောက် ခွန်မဲ့ပစ်္စည်းများ တင်သွင်းမှုများပြားနေသောကြောင့် တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ Mobile Team (ရွေ့လျားဖမ်းဆီးရေးအဖွဲ့)များကို ဖွဲ့ စည်းခဲ့ပြီး တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့သည်။
ရွေ့လျားဖမ်းဆီးရေးအဖွဲ့များ၊ ပြည် နယ်နှင့် တိုင်းအစိုးရအဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၄ ရက်အထိကျပ်ငွေ ၁၅ ဘီလီယံဖိုးရှိ တရားမ၀င်ကုန်ပစ္စည်းများ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရရှိခဲ့သောအမှုတွဲ ၃,၀၆၆ မှု ကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အကောက်ခွန်မဲ့ကုန် ပစ်္စည်းအများဆုံးတင်သွင်းနေသည့်နေရာများမှာ ရန်ကုန်တိုင်း၊ ပဲခူး တိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြ ထားသည်။
No comments:
Post a Comment