Saturday, June 14, 2014

စစ်မက်ဒေသ လိင်အကြမ်း ဖက်မှု ရပ်တန်းက ရပ်သင့်

BBC

လိင်အကြမ်း ဖက်မှုကို စစ်လက်နက် သဖွယ် အသုံးပြုနေတာ တွေကို အဆုံး သတ်ဖို့ဖြစ်နိုင်ခြေ ရှိတယ်လို့ အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကပြောပါတယ်။

လန်ဒန်မှာ ကျင်းပနေတဲ့ စစ်မက်ဒေသအတွင်း လိင်အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံ နောက် ဆုံးနေ့မှာ သူက ခုလို ပြော ခဲ့တာ ဖြစ် ပါတယ်။

ယဉ်ကျေးတဲ့ ကမ္ဘာအတွက် အမဲစက်ကြီး ဖြစ်နေတဲ့ စစ်မက်ဒေသက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြဿနာကို အဆုံး သတ်အောင် လုပ်ရမယ်လို့ နိုင်ငံပေါင်း ၁၀၀ ကျော်တက်ရောက် လာတဲ့ ကိုယ်စား လှယ်တွေကို မစ္စတာ ကယ် ရီက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီလို ပြစ်မှုတွေကို အမျိုးသား အမျိုးသမီးတွေ ထုတ်ဖော် မပြောနိုင်တဲ့ အခြေအနေမျိုး မကြုံရအောင် သူတို့ကို အကာအကွယ် ပေးမယ့်စံနှုန်း သတ်မှတ် ချက်တွေကိုလည်း ချမှတ်ဖို့ လိုအပ်နေကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေ အရ အရေးယူနိုင်အောင် လုပ်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ထိပ်သီးညီလာခံကိုဦးဆောင် ကျင်းပသူ တစ်ယောက်ဖြစ်တဲ့ မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီကလည်းကမ္ဘာ့ခေါင်း ဆောင် အမျိုးသားတွေ အမြားအပြားက လူအများ သိအောင် ထုတ်ဖော်ပြောဖို့ မလိုတဲ့ ကိစ္စလို့ ယူဆထားကြတဲ့ စစ် မက်ဒေသ အတွင်းလိင်အကြမ်းဖက်မှု ကိစ္စကို ခုလို ထိပ်တိုက် ပြောဆို ဆွေးနွေးလာတာ အားတက်စ ရာကောင်း တယ်လို့ ပြောပါတယ်။

No comments: