စိုးသန်းလင်း
ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများမှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် ဥပဒေပေါင်း ၁၃၆ ခုတို့ရှိရာ ၎င်းတို့ကို ကျန်သည့် လွှတ်တော်သက်တမ်းအတွင်း တက်နိုင်သမျှ ပြီးစီးအောင် ဆောင်ရွက်မည်ဟု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ဇွန်လ ၂ ရက် လွှတ်တော်တွင် ပြောသည်။
“ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာပါရှိတဲ့ လက်ရှိ (တည်ဆဲ) ဥပဒေတွေကို ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နဲ့ အသစ်ရေးဆွဲပြဋ္ဌာန်းရန် ဆောင်ရွက်သင့်တဲ့ ဥပဒေများနဲ့ စပ် လျဉ်းပြီး ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့ အစည်းနဲ့ ဌာနများ၊ တရားစီရင်ရေးအဖွဲ့များနဲ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းများကို ပထမအကြိမ်လွှတ်တော် အစည်းဝေး များကျင်းပရန် ကျန်ရှိသည့်ကာလအတွင်း တတ်နိုင်သမျှ ပြီးစီးအောင် ဦးစားပေးအလိုက် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ် တော်သို့ ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန် ကြီး ငါးဦး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ၀န်ကြီး ၁၈ ဦး၊ သက်ဆိုင်ရာညွှန်ကြားရေး မှူးချုပ်များနှင့်လွှတ် တော်ကော်မတီ၊ ကော်မရှင်အသီးသီးမှ တာဝန်ရှိပုဂ်္ဂိုလ်များ စုစုပေါင်း ၁၂၂ ဦးတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း၊ အဆိုပါဆွေးနွေးချက်များအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဌာနများ အလိုက်တည်ဆဲ ဥပဒေ များမှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန် ဥပဒေ ၁၂၉ ခု ရရှိခဲ့ကြောင်း၊ ၎င်းတို့ကို စိစစ်ခဲ့ ရာ ဌာန၊ အဖွဲ့အစည်း ၂၇ ခုတွင် ဆက်လက် ဆောင်ရွက်ရမည့်ဥပဒေ ၁၃၆ ခုရှိကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ တည်ဆဲဥပဒေများကို ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်၊ ရုပ်သိမ်း၍ အသစ်ရေးဆွဲရန်နှင့် အသစ်သီးခြားထပ် မံရေးဆွဲရန် လိုအပ်သော ဥပဒေများနှင့် သက်ဆိုင် သည့်ဝန်ကြီးဌာနပေါင်း ၂၇ ခုရှိကြပြီး ပြင်ဆင်ရန် ဥပဒေ အများအဖြစ် ကျန်းမာရေးဝန်ကြီးဌာနသည် ပြင်ဆင်ရန် ၁၂ ခု၊ ရုပ်သိမ်း၍ အသစ်ပြန်ဆွဲရန် နှစ်ခု နှင့် အသစ်သီးသန့်ရေးဆွဲရန် တစ်ခုစုစုပေါင်း ၁၅ ခု၊ ပြည်ထဲရေးဝန်ကြီးဌာနသည် ရုပ်သိမ်းရန်နှစ်ခု၊ ပြင် ဆင်ရန် ၁၀ ခု၊ ရုပ်သိမ်း၍ အသစ်ရေးဆွဲရန် တစ်ခု စုစုပေါင်း ၁၃ ခုတို့ဖြင့် တည်ရှိနေကြောင်း ကော်မတီ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment