Sunday, June 15, 2014

မှုခင်းဂျာနယ် ပြန်လည်တောင်းပန်ရန် တောင်းဆို

ခင်မြတ်မြတ်ဝေ

ဆေးတက္ကသိုလ်၊ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး သေဆုံးမှုကိုဆေးစစ်ချက်၊ သက်သေမရှိပဲ မူခင်းဂျာနယ်တွင် ဖော်ပြခဲ့မှုအပေါ် ပြန်လည်တောင်းပန်ပေးရန် သေဆုံးသူ၏ ဦးလေးဖြစ်သူ ဦးလှနူးကပြောသည်။

“သေသာသွားတယ် ဘာကြောင့်သေတာလဲဆိုတာမသိရဘူး။ မှုခင်းဂျာနယ်ထဲမှာက မှုးယစ် ဆေးဝါးသုံးလို့ ရေးထားတာတွေ့လို့ ဂျာနယ်တိုက်ကိုသွားပြီးမေးတယ်။ အခုချိန်ထိ ဆေးမှတ်တမ်းတွေက မထွက်သေးဘူး။ တောင်းပန်စာပြန်ရေးပေးမယ်လိုပြောတယ်။ အခုထိမပါသေးဘူး” ဟု ၎င်းပြောသည်။

မေလ ၉ရက်ထုတ်၊ မှုခင်းဂျာနယ်ပါ စာမျက်နှာ ၄ တွင်ဖေါ်ပြခဲ့သည့် “အနာဂတ်ဆရာဝန်လောင်းလူငယ်တစ်ဦး မူးယစ်ဆေးဝါး သုံးစွဲထားတဲ့လက္ခဏာနဲ့ အိပ်ရာထဲမှာသေဆုံးနေတဲ့ဖြစ်ရပ်” ညဟူသည့် ခေါင်းစဉ်ပါ သတင်းအကြောင်းအရာကို ပြန်လည်တောင်းပန်ရန် ကာယကံရှင်ဘက်က တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါ ဆေးတက္ကသိုလ်ကျောင်းသားမှာ ဧပြီ ၂၉ရက်က သေဆုံးသွားခြင်းဖြစ်ပြီး မှုခင်းသတင်းတွင် “သေဆုံးသူတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ မူးယစ်ဆေးဝါးသုံးစွဲထားသ ည့် လက္ခဏာများကိုသာတွေ့ရသည်ဆို၏” ဟု ရဲမှတ်တမ်းကို မှီငြမ်းရေးသားထားသည်။

သို့သော် သေဆုံးသူ၏ ဆေးစစ်ချက်မှတ်တမ်းအား ရန်ကုန်ဆေးရုံကြီးတွင် တောင်းယူခဲ့သော်လည်း နှစ်လခန့်ကြာမည်ဟု သေဆုံးသူ၏ မိသားစုများကပြောသည်။ ယင်းအပြင် လှိုင်မြို့နယ်ရဲစခန်းကလည်း ဆေးစစ်ချက်အဖြေမထွက်သေးသောကြောင့် အဘယ်ကြောင့်သေဆုံးခဲ့သည်ကို အဖြေပေးခဲ့ခြင်းမရှိဟု သေဆုံးသူ၏ မိသားစုများက ဆိုသည်။

မှုခင်းနှင့်သတင်းစုံဂျာနယ်မှ အယ်ဒီတာချုပ်ြဖစ်သူ ဦးအောင်ကျော်ဇောက "ဒီကိစ္စက ကျွန်တော်တို့ဆီက သတင်းထောက် လွှတ်ပြီး ယူထားတာမဟုတ်၊ ရဲအစီရင်ခံစာကိုတောင်းပြီးရေးထားတာ ။ရဲအစီရင်ခံစာမှာမူယစ်လက္ခဏာတွေ့တယ်။ ပါလို့ရေးသားဖော်ပြ ထားတယ်။ ရေးသားထားတာလဲနိုင်ငံ အတွက်အားထားရတဲ့ဆုံးရှုံးသွားတဲ့စိတ်နဲ့ရေးတာ” ဟု မဇ္ဈိမကိုပြောသည်။

No comments: