Tuesday, June 17, 2014

မန္တလေးတိုင်း ဝန်ကြီးချုပ်နေအိမ်အနီး ယမန်ည သန်းခေါင်မှစကာ ရပ်ထားသည် ကားကို မသင်္ကာမှုဖြင့် စစ်ဆေး

အောင်ကိုဦး

မန္တလေးမြို့ ၆၅လမ်း၊ ၂၃လမ်းနှင့် ၂၄လမ်းကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်က စတင် ရပ်ထားခဲ့သော အဲဖတ် (Alphard) ကား အဖြူရောင်ကို မသင်္ကာသောကြောင့်ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညန ဌာနမှ စက်မှုကျွမ်းကျင် (၃) ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။

လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံမြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

No comments: