Saturday, June 21, 2014

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် နုတ်ထွက်

နိရဉ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ၎င်း၏ ဆန္ဒ သဘောထားအလျောက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားပြီဟု သိရသည်။

ယင်းနူတ်ထွက်မူကို သမ္မတ ဦးသိန်းစိန်မှ ၂၀၁၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ စွဲဖြင့် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

ဝန်ကြီးချုပ် ဦးလှမောင်တင်နေရာတွင် ယခင် ပြည်ထောင်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ယာယီ အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။


(သတင်းစာပါ နုတ်ထွက်ခွင့်ပြုမိန့်မှာ အောက်ပါအတိုင်း ဖြစ်သည်။)

ရခိုင်ပြည်နနယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ် ၁၃ / ၂၀၁၄ )
၁၃၇၆ ခုနှစ် ၊ နယုန်လပြည့်ကျော် ၇ ရက်
( ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက် )

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခွင့်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊
ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ
၅၂၊ ပုဒ်မခွဲ(က) တို့ပါပြဌာန်းချက်များအရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးလှမောင်တင်အား ၄င်းဆန္ဒသဘောအလျောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်သည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော်

No comments: