ဝင်းကိုကိုလတ်၊ ရွှေရည်ဝင်းထက်
ပါတီအများစု ကန့်ကွက်နေသည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ကျင့်သုံး၍ အနာဂတ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် အမတ်လောင်းရွေးချယ်ရန် အဆိုကို ယခု တစ်ပတ်အတွင်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အင်န်ဒီအက်ဖ်) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောကြားသည်။
ဦးခင်မောင်ဆွေက “ကျွန်တော်တို့ပါတီက ဦးအောင်ဇင်က ပီအာရ်စနစ်ကျင့်သုံးရေးကို ပြည်သူ့လွှတ်တော် မှာတင်သွားမှာပါ”ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။
ယင်းအဆိုကို ပြီးခဲ့သည့် တစ်ပတ် ကျော်ကတည်းက ပြည်သူ့လွှတ်တော်ရုံးသို့ တင်ပြထားပြီးဖြစ်၍ မကြာ မီဆွေးနွေးနိုင် တော့မည်ဟု ၎င်းင်းက ဆိုသည်။
အင်န်ဒီအက်ဖ်ပါတီသည် ပြီးခဲ့သည့် ၈ ရက်ကလည်း အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ် စနစ်ကျင့် သုံးရန် အဆိုတင်သွင်းခဲ့သည်။ ယင်းကို အမျိုးသားလွှတ်တော်က ငါးရက်အကြာတွင် မဲခွဲခဲ့ရာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ တိုင်းရင်းသားပါတီများနှင့် တပ်မတော်သားတို့က ကန့်ကွက်ခဲ့ကြသည်။သို့ သော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ထောက်ခံသဖြင့် အင်န်ဒီအက်ဖ် ၏အဆို အနိုင်ရခဲ့သည်။
ဦးခင်မောင်ဆွေက “အကယ်၍ ပြည်သူ့လွှတ်တော်မှာ အဆိုနိုင်ရင် ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတစ်စောင်ကို တင်ပြသွားပါမယ်”ဟု ဖြည့်စွက်ပြောသည်။
အင်န်ဒီအက်ဖ်၏ ဒုတိယမြောက် ကြိုးပမ်းမှု ပြည်သူ့လွှတ်တော်၌ အမှန်တကယ် ဖြစ်ပေါ်လာလျှင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီများနှင့်တပ်မတော်တို့က ကန့်ကွက်ဆွေးနွေးမှုများ ဆက် လက်ပြုလုပ်မည်ဟု ကာယကံရှင်တို့က ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ကျွန် တော်တို့ ပါတီ ကတော့ ပီအာရ်ကို ကန့်ကွက်သွားမယ်။ အင်န်အယ်လ်ဒီအမတ်တွေထဲက ထိထိရောက် ရောက်တင်ပြနိုင်မယ့်သူတွေကို ရွေးချယ်ပြီး ကန့်ကွက်ဖို့ လုပ်သွားမယ်”ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီအချို့မှ အမတ်များသည် ပြီးခဲ့သည့် ဇွန် ၁၃ ရက် အမျိုးသား လွှတ်တော်တွင် ပီအာရ်စနစ်လက်ခံရန်မဲခွဲဆုံးဖြတ်အပြီး ဖွဲ့စည်းခဲ့သည့်လေ့လာ သုံး သပ် ရေးကော်မတီကလည်း နုတ်ထွက် ထားကြသည်။
အမည်မဖော်လိုသူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက“ကျွန်တော်တို့ ကတော့ အဆိုတစ်ခုတင် လာရင်ဘယ်လိုဆိုတာ အားလုံးဆွေးနွေးလို့ရအောင် အဆိုကို ထောက်ခံပေးမယ်။ အဆိုကို ဆွေးနွေး တဲ့အခါမှာတော့ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းက တခြားပါ”ဟုပြောကြားသည်။
အင်န်ဒီအက်ဖ်က မြန်မာနိုင်ငံ၌ ရွေး ကောက်ပွဲများတွင် လက်ရှိကျင့်သုံးနေ သည့် မဲဆန္ဒနယ်အလိုက် မဲအများဆုံးသူ အနိုင်ရသည့် စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်) ကို ကျင့်သုံးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသည့်စနစ်သည် တစ်ဦး ကိုသာရွေးချယ် ခြင်း ဖြစ်၍ မဲဆန္ဒရှင် အားလုံး၏ဆန္ဒကို ကိုယ်စားပြု နိုင်ခြင်း မရှိဟု ၎င်းတို့က ထုတ်ဖော်ပြောဆိုထား ပြီးဖြစ် သည်။
ထို့ကြောင့် ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက်ပေါ် မူတည်၍ လွှတ်တော်အမတ်များအဖြစ် အချိုးကျ ရွေးကောက်ခံနိုင်ရန် ပြင်ဆင်လိုခြင်းဖြစ်သည်။ တစ်နည်းဆိုလျှင်အချိုးကျကိုယ်စားပြု စနစ်(PR) မှာ မဲဆန္ဒ ရှင်များက ပါတီကိုသာ မဲပေးရသောစနစ်ဖြစ်ကာရရှိသော မဲအရေအတွက်အလိုက် ပါတီကိုယ်စားပြု အ မတ်များ ရရှိနိုင်မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်၌ ပီအာရ်စနစ် ကျင့်သုံးရန် အဆိုကို ပုဇွန်တောင်မြို့နယ် အင်န်ဒီအက်ဖ် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းရန် စီစဉ်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုနှစ်အတွင်း ရွေးကောက်ပွဲနည်းစနစ် ပြောင်းရန် ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်မပေးပါက ၂၀၁၅ ခုနှစ်မတိုင်မီလုပ်ပေးနိုင် မည်မဟုတ်ဟု ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း နိုင်ငံရေးပါတီများနှင့် နေပြည်တော်၌ တွေ့ဆုံစဉ်ပြောထားသည်။
ယင်းသို့ ကြိုးပမ်းခြင်းကို တိုင်းရင်း သားပါတီ ၁၆ ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းကလည်း ကန့်ကွက်သည်ဟု ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။
No comments:
Post a Comment