သီဟကိုကို
အခွန်စည်းကြပ်မှု မခံရသေးသော ကုမ္ပဏီများနှင့် ဆက်သွယ်မှုမရှိသေးသော ကုမ္ပဏီများစာရင်းမှ ကုမ္ပဏီပေါင်း လေးထောင်ခန့်သည် လက်တွေ့၌ လုံးဝမရှိတော့သည့် ကုမ္ပဏီများဖြစ်နေသည်ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး၏ တာဝန်ရှိသူတစ်ဦးက မဇိ္ဈမကို ပြောသည်။
ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထား သော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စည်းကြပ်မှုခံယူခြင်း မရှိသေး သော ကုမ္ပဏီများနှင့် လုပ်ငန်းစတင်ဖွဲ့စည်းမှတ်ပုံတင်ထားသော်လည်း ကုမ္ပဏီများဆိုင်ရာအခွန် ရုံးသို့ လာရောက်ဆက်သွယ်မှုမရှိသေးသောကုမ္ပဏီများကို စိစစ်ဖော်ထုတ်ချက်အရကုမ္ပဏီပေါင်း ၈,၂၂၁ ခု ရှိရာတွင် ကုမ်္ပဏီပေါင်း ၁,၀၀၀ ကျော်သာကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ လာရောက်ဆက်သွယ်ခဲ့သည်ဟု ၎င်းကပြောသည်။
ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၏ တာဝန် ရှိသူတစ်ဦးက “ အဲဒီကုမ္ပဏီပေါင်း ၄,၀၀၀ လောက်က လာလည်း မဆက်သွယ်ဘူး။ စာရင်းထဲမှာရှိတဲ့ သူတို့နေရာမှန်မှာလည်း မရှိ၊ လူလည်းမရှိ၊ ဆိုင်းဘုတ်လည်းမရှိဘူး။ အဲဒီကုမ်္ပဏီတွေကို ဖျက်သိမ်းသွားရမှာပေါ့ ” ဟု ပြောသည်။
အခွန်စည်းကြပ်မှုမခံရသေးသော ကုမ္ပဏီများနှင့် ဆက်သွယ်မှုမရှိသေးသော ကုမ္ပဏီများစာရင်းမှ ကုမ္ပဏီပေါင်း ၂,၀၀၀ နှင့် ၃,၀၀၀ ခန့်ကို မူလကတည်းက ကုမ္ပဏီ မှတ်ပုံတင်ထားခြင်းမှ တရားဝင်ဖျက် သိမ်းခဲ့ပြီး ဖြစ်သည်။
ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၏ တာဝန်ရှိသူတစ်ဦးက “ ကုမ္ပဏီဆိုတာက အစကတည်းက အခွန်ရုံးကိုဆက် သွယ်ရမယ်။ ဆက်သွယ်မှ သက်တမ်းတိုးလို့ရမယ်။ လုပ်ငန်းရှိမှဝင်ငွေရှိမယ်။ ၀င်ငွေရှိမှလည်းသက်တမ်း တိုးဖို့လုပ်နိုင်မယ် ”ဟု ပြောသည်။
ယင်းကုမ္ပဏီ လေးထောင်ခန့်သည် ဆယ်စုနှစ်အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကာကုမ္ပဏီများ မှတ် ပုံတင်ထားခြင်းကိုလည်း လာရောက်ဖျက်သိမ်းရန် ဆောင်ရွက်မှုမရှိသည့်ကုမ်္ပဏီများ ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန် စည်းကြပ်မှုမခံရသေးသောကုမ္ပဏီများနှင့် ဆက်သွယ်မှုမရှိသေးသော ကုမ်္ပဏီများ စာရင်းများကို ထုတ်ပြန်ခဲ့ပြီး ယင်းကုမ်္ပဏီ တို့ကို ကုမ်္ပဏီများဆိုင်ရာ အခွန်ရုံးထံလာရောက် ဆက်သွယ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
No comments:
Post a Comment