ဝင်းကိုကိုလတ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီတွင် ကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်လင်း အစား ဗိုလ်မှူးချုပ် သန်းထွတ်သိန်းကို ပြောင်းလဲတာဝန်ပေးခြင်းကို ယနေ့(ဇွန်လ ၂ရက်က)ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည်။
ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော်ရုံး၏အမိန့်ကြော်ငြာစာ အမှတ် (၂ဝ/ ၂ဝ၁၄) ပါ အပိုဒ် ၄ နှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ဥက္ကဋ္ဌ၏ တင်ပြချက်အရ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အမည်မဖော်လိုသူ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက "ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်လင်းက မိခင်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်သွားတာပါ"ဟု မဇ္ဈိမ၏မေးမြန်းချက်ကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်က စတင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေးများ စတင်သည့်ရက်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ၁၁ ဦးနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုးဦးအား အစားထိုးလဲလှယ်ရာတွင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်လင်း ပါဝင်ခဲ့သည်။
No comments:
Post a Comment