အောင်သူရထွန်း
ရခိုင်ပြည်နယ်တွင် ပဋိပက္ခကိစ္စရပ်များ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် နေရပ်စွန့်ခွာပြီး အလုပ်အကိုင် ရရှိနိုင်သော အရပ်ဒေသနှင့် နိုင်ငံခြားသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်နေကြရသည့်အတွက် ဒေသခံ ရခိုင်တိုင်းရင်းသားများ နည်းပါးလာခြင်းကြောင့် အစိုးရအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဇွန်လ ၂၃ရက်က မကွေးတိုင်း မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့သည်။
အဆိုရှင် ဦးလှဆွေ က “ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများ နေပျော်စေရန် လိုအပ်တဲ့ အစီအမံများ အမျိုးသားရေးတစ်ရပ် အနေနဲ့ ဘက်စုံလုပ်ဆောင်ဖို့ အစိုးရအား တိုက်တွန်းလိုပါတယ်” ဟု လွှတ်တော်မှတဆင့် အစိုးရအား တိုက်တွန်းလိုက်သည်။
No comments:
Post a Comment