ကျော်စိုးမိုး
မူးယစ်ပုဒ်မဖြင့် အချုပ်ကျနေသည့် အစ်ကိုဖြစ်သူကို ဧည့်လာတွေ့သည့် ညီဖြစ်သူထံမှ WY စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိသော ဖြစ်စဉ်တစ်ခု ဇွန် ၁၃ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးအချုပ်ခန်း၌ ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားပုံမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးအချုပ်ခန်း၌ ဒဂုံအရှေ့မြို့နယ်၊ (၇)ရပ် ကွက်၊ ဗိုလ်မင်းရောင်လမ်းနေ အသက် ၂၆ နှစ်အရွယ် နန္ဒလင်းဆိုသူမှာ မူးယစ်ပုဒ်မဖြင့် အချုပ်ကျနေသူ ဖြစ်သည်။နန္ဒာလင်းထံသို့ ဧည့်လာတွေ့သည့် ၎င်း၏ ညီဖြစ်သူ အသက် ၂၃ နှစ်အရွယ် ရဲသိန်းထွန်းအောင် ကို မသင်္ကာသဖြင့် ရဲဌာနက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့စစ်ဆေးရာ ကိုရဲသိန်းထွန်းအောင်၏ ပါးစပ်အတွင်း၌ အနက်ရောင်တိပ်ဖြင့် ပတ်ထားသည့် ပလတ် စတစ်အိတ်အကြည် အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားအပြား ၅၀ (အလေးချိန် ငါးဂရမ်)ခန့်မှန်းတန်ဖိုး ကျပ်နှစ်သိန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထား သည်။
ထို့ကြောင့် ကိုရဲသိန်းထွန်းအောင်ကို အရေးယူပေးပါရန် ရဲအုပ်မျိုးထက်နိုင်၏ တရားလိုပြုတိုင်တန်းမှုကို သုဝ ဏ္ဏနယ်မြေရဲစခန်းက မူးယစ်(ပ)၇/၁၄ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ပုဒ် မ၁၅/၁၉(က) ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
No comments:
Post a Comment