Monday, June 16, 2014

ချင်းပြည်နယ် အတွင်း အစိုးရကျောင်း များတွင် ငွေကြေးကောက်ခံ မှုများရှိနေ


Khonumthung

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး မူလတန်း မှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် ဖော်ဆောင်ချိန်တွင် ချင်း ပြည်နယ် အထက်ပိုင်း တီးတိန် နှင့် ဖလမ်းမြို့ အစိုး ရကျောင်း များတွင် ငွေကြေးကောက်ခံ မှုများရှိနေသည်ဟု သိရ သည်။

တီးတိန်မြို့အထက(၁)ကျောင်းတွင် ယာယီ ပညာရေးမှူး တာဝန်ထမ်းဆောင်နေသူ ကျောင်းအုပ် ဦးပုမ့်ခန့်လန်မှ ကျောင်းဝင်ခွင့်အတွက်ဟု ဆိုကာ ကျောင်းသားတစ်ဦး လျင် ကျပ် တစ်ထောင်စီ တောင်းခံနေသည်ဟု တီးတိန် လူ ငယ်အသင်း ဥက္ကဌ ကိုသွင်ကပြောသည်။

“ မရှိဆင်းရဲသားတွေ နဲ့ ကျောင်းနေအရွယ် ၄/၅ ယောက် ရှိတဲ့ မိဘတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်၊ ဒါဟာ နိုင်ငံတော်အစိုးရမူဝါဒနဲ့လည်း ဆန့်ကျင်နေပါ တယ်’’ ဟု ကိုသွင်ကပြောသည်။

အလားတူ ဖလမ်းမြို့အထက(၂) ကျောင်းတွင်လည်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်တာမှ ကျောင်းသူကျောင်း သားများထံ ကျပ်ငွေ တစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဖလမ်းဘာသာဖြင့်ရေးသားသော Vcth သတင်းတွင် ဖော်ပြ ထားသည်။

ဖလမ်းမြို့ အထက (၂) တွင် ယခုကဲ့သို့ ကျောင်းသားများထံ ငွေကြေးကောက်ခံမှုများရှိနေသောကြောင့် အခြား ကျောင်း များတွင်လည်း ငွေကြေးကောက်ခံမှု များပြုလုပ် လာမည်ကို စိုးရိမ်နေကြသည်ဟု ဖလမ်းမြို့မိမြို့ဖ တစ်ဦးက ပြောဆိုကြောင်း Vcth သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေမှုနှုန်းမြင့်မားလာစေရန် နှင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်လိုက်ရသည့် ကလေးအရေအတွက် နည်းပါးသွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုပညာသင်နှစ်မှစပြီး အခမဲ့ပညာရေးစနစ်ကို နိုင်

No comments: