ကျော်စွာဝင်း
မျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၂ ရက် နေ့လယ် ၁၂နာရီတွင် မန္တလေးမြို့၊ ဘုရားကြီးအနောက်မုခ်သာသနာ၂၅၀၀ ဓမ္မာရုံကြီးတွင် ပြုလုပ်သွားမည်ဖြစ်သည်။
“ကိုယ့်အမျိုးဘာသာလုံခြုံမှုအတွက်လုပ်နေတယ်။ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူးတရားနည်းလမ်းကျကျလုပ်နေ တယ်။ ကန့်သတ်ချုပ်ချယ်ထားတာမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ”ဟု မဘသ(အထက်မြန်မာပြည်) ဦးဆောင် ဆရာတော် အရှင် ဣန္ဒာစက်္ကာဘိဝံသက မဇ္ဈိမကို မိန့်သည်။
မဘသအဖွဲ့အစည်းသည်မည်သည့် ပါတီအဖွဲ့အစည်းလက်အောက်မှ မဟုတ်ဘဲ အမျိုးဘာသာသာသနာ ကာကွယ်ရေးအတွက်သာလုပ်ဆောင်ရပ်တည်နေခြင်းဖြစ်ပြီး ပါတီအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို လက်ခံ၍ဆောင်ရွက်နေသော အဖွဲ့အစည်းမဟုတ်ဟုဆိုသည်။
ဟောပြောပွဲသို့ ပြည်သူလူထုတက်စေချင်ကြောင်း အဆိုပါနေ့တွင် မျိုးစောင့်ဥပဒေထောက်ခံ လက်မှတ်များ လည်း ဆက်လက် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေဟောပြောပွဲများသို့ သံဃာများသာတက် ရောက်ကြပြီး ပြည်သူများ တက်ရောက်မှု နည်းကြောင်းသိရသည်။
No comments:
Post a Comment