မောင်မန်း
အနာဂတ်တွင် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အဆင့်အထိ ရောက်ရှိစေရေးနှင့် e-Government စနစ် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ၀န်ကြီးဌာနတိုင်းက လ ၂၀ အစီအမံများရေးဆွဲပြီး လက်တွေ့ ချိတ်ဆက်အသုံးပြုနိုင်သည်အထိ ၀န်ထမ်းများကိုပါ လေ့ကျင့်ဆောင်ရွက်ပေးကြရန် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၁၀ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများကို လမ်းညွှန်မှာကြားခြင်း အခမ်း အနား မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ အုပ် ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် လျင်မြန်ချောမွေ့လာမည်ဖြစ်သည်ဟုလည်း ထည့်သွင်းပြော ကြားခဲ့သည်။
e-Government ပုံဖော်ဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေးအတွက်လည်း တစ်ပြိုင်နက်ဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ပြီး ၀န်ကြီးဌာနများက ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဆိုပါက လ ၂၀ အတွင်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနိုင်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။
ဦးမင်းဦးက “ e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ဆိုက်ဘာလုံခြုံရေး အတွက်ပါ တစ်ပြိုင်ထဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လိုအပ်ချက် ဘတ်ဂျက်တွက်ချက်တဲ့နေရာမှာလည်း လုံခြုံရေးအတွက် ကုန်ကျမှာကို ထည့်ပြီးတွက်ရပါမယ်”ဟု ဆိုသည်။
၎င်းက “၀န်ကြီးဌာနတွေအနေနဲ့က လုပ်နေကျ လုပ်ငန်းတွေမဟုတ်ဘဲ အသစ်ဖြစ်နေတဲ့အတွက် လုပ်ကိုင် တဲ့နေရာမှာ နှောင့်နှေးတာတွေရှိပါတယ်။ သက်ဆိုင်ရာရဲ့ ထိပ်ပိုင်းကပုဂ်္ဂိုလ်တွေက လုပ်ချင်စိတ်ရှိပြီး ပူးပေါင်းမယ်ဆိုရင် လ ၂၀ အတွင်းမှာ အနေအထားတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းများသည်e-Government အကောင်အထည် ဖော်ဆောင်ရေးအတွက် ဌာနဆိုင်ရာများမှ ၀န်ထမ်းများကို လိုအပ်သည့်သင်တန်းများပေးအပ်နေပြီး ၀န်ထမ်းလုံလောက်မှုရှိစေရန် ဆောင်ရွက်ပေးနေသည်ဟု ဦးမင်းဦးက ဆိုသည်။
၎င်းက“e-Government ဆောင်ရွက်မယ့်သူတွေကို တစ်မြို့နယ်ကို နှစ်ယောက်လိုအပ်တဲ့သင်တန်းတွေ ပေးနေပါတယ်။ ဒီနှစ်ယောက်ပြီးရင် နောက်ထပ်ထပ်ပြီး သင်ကြားပေးသွားမှာပါ”ဟု ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ကွန်ပျူ တာအသင်းများသည် သက်ဆိုင်ရာဒေသအလိုက် e-Governmentပုံ ဖော်ဆောင်ရွက်မှုများ၊ လုပ်ဆောင်မှုများရှိနေပြီ ဖြစ်သည်။
No comments:
Post a Comment