Tuesday, December 23, 2014

လက်​ပံ​တောင်း ဆည်​တည်းရွာတွင်​ ​ဒေသခံနှစ်​ဦး ထပ်​မံဒဏ်​ရာရ

အောင်​ကိုဦး

လက်​ပံ​တောင်း စီမံကိန်းကို ကန့်​ကွက်​သည့်​ ​ဒေသခံများနှင့်​ စီမံကိန်းမှ လုံခြုံ​ရေးရဲတို့ ဒီဇင်​ဘာ ၂၃ ရက်​က ဆည်​တည်းရာ၌ ပဋိပက္ခဆက်​လက်​ဖြစ်​ပွားပြီး ဆည်​​တည်းရွာမှ ​ဒေသခံရွာသားနှစ်​ဦး ​သေနတ်​ဒဏ်​ရာ ရရှိခဲ့သည်​။

ပဋိပက္ခမှာ ဒီဇင်​ဘာ ၂၃ ရက်​ နံနက်​ ၆ နာရီခန့်​က ထပ်​မံဖြစ်​ပွားခဲ့ခြင်းဖြစ်​ပြီး ရဲအင်​အား ၄၀၀ ခန့်​က ပိတ်​ဆို့ထားသည်​ကို ​တွေ့ရသည်​။

ယမန်​​နေ့ကလည်း ပဋိပက္ခအတွင်း ​သေနတ်​ထိမှန်​ကာ ​ဒေသခံ အမျိုးသမီးတစ်​ဦးပွဲချင်းပြီး ​သေဆုံးကာ ၁၀ ဦး​ထက်​မနည်း ဒဏ်​ရာရခဲ့သည်​။

ယ​နေ့ နံနက်​ ၉ နာရီခွဲခန့်​တွင်​ ရဲများက ​ဒေသခံများ၏ စိုက်​ခင်းများကို ဝင်​​ရောက်​ဖျက်​ဆီး၍ ​ဆည်​တည်းရွာသား ၃၀၀ ခန့်​က ဆန္ဒပြလျက်​ရှိပြီး အ​ခြေအ​နေ တင်းမာ​နေသည်​။

No comments: