Sunday, December 7, 2014

တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် ဆန္ဒပြ

ခင်မြတ်မြတ်ဝေ

ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့သည်။

“အဆောက်အဦ ဆောက်လုပ်ရေးက အဓိကကျတယ်။ ဒီအဆောက်အဦ ဆောက်လုပ်ခြင်းအားဖြင့် ကျောင်းသားများ လုပ်ပိုင်ခွင့်ကို တရားဝင်လုပ်ချင်လို့ အဆောက်အဦ ပြန်လည်ပေါ်ပေါက်ဖို့ ဆန္ဒပြတာပါ” ဟု ဒေါက်တာ အောင်ခင်ဆင့်က ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့ နံနက်ပိုင်းက ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော သမဂ္ဂ အဆောက်အဦ နေရာတွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။

အစိုးရကသာ သမဂ္ဂအဆောက်အဦသစ် ပြန်ဆောက်ခွင့်ပေးပါက ကော်မတီဖွဲ့ပြီး အများသဘောဖြင့် တည်ဆောက်သွားမည်ဟု လည်း ဒေါက်တာ အောင်ခင်ဆင့်က ပြောသည်။

“အစိုးရက ဆောက်ခွင့်သာပေးခဲ့ရင် ပုံအောပြီးလှူမယ့် အလှူရှင်တွေရှိပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

No comments: