Monday, December 1, 2014

သြစီနဲ့ မြန်မာတို့ နယ်စပ်ရေးရာ သဘောတူ

ABC

သြစတြေးလျနိုင်ငံနဲ့ ​မြန်မာနိုင်ငံအကြား ​နယ်စပ်ရေးရာနဲ့ ​ပတ်သက်ပြီး ​နားလည်မှု ​စာချွန်လွှာ ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ ​သဘောတူညီချက်အရ ​ငါးနှစ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​နယ်စပ်ရေးရာမှာ ​သြစတြေးလျက ​ကူညီမှာ ​ဖြစ်တယ်လို့ ​ပါရှိပါတယ်။

ဒေသတွင်းက ​နိုင်ငံတွေရဲ့ ​နယ်စပ်လုံခြုံရေးရှိမှ ​သြစတြေးလျ ​နယ်စပ်ကလည်း ​လုံခြုံမှာ ​ဖြစ်တဲ့အတွက် ​အခုလို ​သဘောတူညီမှု ​ရယူတာဖြစ်ကြောင်း ​သြစတြေးလျနိုင်ငံ ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​စကော့တ် ​မော်ရီဆန်က ​ပြောပါတယ်။

မြန်မာနိုင်ငံက ​ရိုဟင်ဂျာတွေဟာ ​မလေးရှားနဲ့ ​အင်ဒိုနီးရှားလို ​နိုင်ငံကနေတဆင့် ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​လာရောက်တာ ​ရှိတဲ့အတွက် ​မြန်မာနိုင်ငံ ​နယ်စပ်ရေးရာနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျနဲ့ ​မြန်မာအစိုးရတို့ ​သဘောတူညီမှု ​လက်မှတ် ​ရေးထိုးခဲ့ကြတာ ​ဖြစ်ပါတယ်။

No comments: