Monday, December 1, 2014

စင်လာကူ မုန်တိုင်းတိမ်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း အချိန်ခါ မဟုတ် မိုးရွာမည်

ဇာဏီထွဏ်း

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း စင်လာကူ (SINLAKU) ၏ တိမ်တိုက် အကြွင်းကျန် များကြောင့် မြန် မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် လာမည့် သုံးရက် အတွင်း (ဒီဇင်ဘာ ၁ ရက်မှ ၃ရက်အတွင်း) အချိန်ခါ မဟုတ် မိုးရွာ မည်ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှု ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောသည်။

အဆိုပါ အပူပိုင်း မုန်တိုင်းသည် နိုဝင်ဘာ ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကမ်းခြေ ဒေသများသို့ ဖြတ်ကျော်ဝင် ရောက်ပြီး အားလျော့ သွားပြီ ဖြစ် သော်လည်း ယင်းမုန်တိုင်းမှ တိမ်တိုက် အကြွင်းကျန် များသည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိ လာပါက ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသ ကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် မိုးအနည်းငယ် ရွာနိုင်မည်ဟု ၎င်းက ပြောသည်။

“ China High( တရုတ်ပြည်မကြီးမှ သွယ်တန်းဆင်းလာသော လေဖိအားကြီးရပ်ဝန်း) ကလည်း အားကောင်းနေတော့ ရှမ်း၊ ကယား ဘက်ကိုတော့ ရောက်ချင် မှ ရောက်မယ်။ တနင်္သာရီနဲ့ ကရင်၊ မွန်လောက် ကတော့ ရမယ်။ ဒါပေမယ့် ဒီအချိန်က စပါးရိတ်တဲ့ ရာသီဆိုတော့ လိုလိုပိုပို ဆိုပြီး ပဲခူးတို့ ကယားတို့၊ ရန်ကုန် တို့ကို သတိပေးချက် ထပ်ထည့်ပေး ထားတာ။ မိုးရွာလည်း အများကြီး မဟုတ်ဘူး အနည်းငယ်ပါပဲ”ဟု ဦးကျော်မိုးဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဆန်းပိုင်း အတွင်းက အချိန် ခါမဟုတ် ရွာသွန်းခဲ့သော မိုးများကြောင့် စပါးများ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး လက်ရှိအ ချိန်အထိ လယ်ကွက် များအတွင်း ရေများရှိ နေခြင်းခြင်း ကြောင့် အဆင်မ ပြေမှုများ ရှိနေဆဲ ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံ ကုန်းမြို့နယ်မှ လယ်ဧက ၄၀ ပိုင်ဆိုင်သည့် တောင်သူတစ် ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ဆိုသည်။

“ ဧက ၄၀ ထဲမှာမှ ၁၀ ဧကလောက်ပဲ ရိတ်ရသေးတယ်။ အရင်ရွာထား တဲ့မိုးရေတွေက လယ်ထဲမှာရှိ နေတုန်းပဲ၊ ရေထဲမှာ စပါးရိတ် နေရတော့ အဆင်မ ပြေ ဘူး။ စပါးတွေလည်း ရက်ကြာတော့ ပျက်ကုန်တယ်။ နည်းနည်း ပါးပါး ရွာရင်တော့ ကိစ္စမရှိပေမယ့် မိုးများရင်တော့အကုန်ပျက်ပြီပေါ့ဗျာ”ဟု၎င်းက ပြောသည်။

No comments: