နိရဉ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပင်လယ်ပြင်တွင် ကုန်တင် မော်တော်ဘုတ်ကြီး တစ်စီး ကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြုပ်သွားသည်ဟု သတင်း ရရှိသည်။
ကုန်တင် မော်တော်ဘုတ်နစ်မြုပ်သွားခြင်းကို မျက်မြင် ဒေသခံ တစ်ဦးဖြစ်သူ သရက်ချောင်း ကျေးရွာသားတစ်ဦးဖြစ်သူ ကိုအောင်စံသာက ယခုလို ပြောသည်။
“ မော်တော်ဘုတ်က ပေါက်တောမြို့နယ် သလွန်တောင်ကျွန်း၊ ကျွဲသမအပေါက်မှာ ကျောက်ဆောင်နဲ့ တိုက်မိပြီး နစ်မြုပ်သွားတာပါ။ မနေ့က ဖြစ်တာပါ” ဟု သူက ပြောသည်။
ကုန်တင် မော်တော်ဘုတ်ပေါ်တွင် ကုန်ပစ္စည်းအများအပြားပါဝင်ပြီး ရန်ကုန်မှ လာသည့် မော်တော်ဘုတ်ဖြစ်ကြောင်း သူက ပြောသည်။
ယခုအခါ ပေါက်တောမြို့ပေါ်က ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

No comments:
Post a Comment