ဂျွန်ချစ်ငြိမ်း
ရှမ်းပြည်နယ် အတွင်း မိမိတို့ အစိုးရသက်တမ်းလေးနှစ်ကျော်ကာလ ၌ ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ပြဿနာများတွင် မြေယာ ပြဿနာ အများဆုံးဖြစ်သည်ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောဆိုလိုက်သည်။
ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးချုပ် ရုံးခန်းတွင် ရှမ်းပြည်တောင်ပိုင်းမှ ဒေသခံ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့ အတောအတွင်း တာဝန်ယူဖြေရှင်းရတဲ့ ပြဿနာတွေထဲမှာ မြေယာပြဿနာက အများဆုံးဖြစ်တယ်” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း မြေယာဖြေရှင်းမှု အမှုပေါင်း ၁၃၂၃မှု ကျော် ဖြေရှင်းခဲ့ပြီး စိစစ်ဆဲ မြေယာအမှုပေါင်း ၃၆၀၀ ကျော် ကျန်ရှိနေသေးသည်ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုင်းဆာလူက ပြောသည်။
ပြည်ထောင်စု လွတ်တော်အစီရင်ခံစာအရ ပြန်လည်ပေးပို့ခဲ့သည့် မြေယာ အမှုတွဲပေါင်း တစ်ထောင်ကျော်တွင် အမှုတွဲ ၄၀၀ ကျော်ကို ဖြေရှင်းထားပြီးဖြစ်သည် ဟုလည်း ဝန်ကြီး ဦးစိုင်ဆာလူက ဆိုသည်။
ရှမ်းပြည်နယ်အတွင်း မြေယာ ပြဿနာ ဖြစ်ပွားမှု အများဆုံးဒေသများသည် တောင်ကြီးခရိုင်၊ ကျောက်မဲခရိုင်နှင့် တာချီလိတ်ခရိုင်တို့ဖြစ်သည် ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
No comments:
Post a Comment