မြတ်မင်း
မြေယာသိမ်း ဆည်းစဉ်က ဥပဒေများ၊ လုပ်ထုံး လုပ်နည်း များနှင့် အညီ လုပ်ခဲ့ခြင်း မရှိသည့် အတွက် မြေယာပြဿ နာများမှာ လွန်ခဲ့ သည့် နှစ်များစွာက တည်းက ဖြစ်ပွားလာ ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြေရှင်းပေးရန် ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် တာဝန်များ စွာရှိကြောင်းပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ် တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။
မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်၊ စံပြကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သူလယ် သမားရေးရာ လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြော ကြားခဲ့ ခြင်းဖြစ်သည်။
“ဒီနေ့ ကျွန်တော်တို့ ပါတီက အနိုင်ရ ပါတီဖြစ်တယ်။ အစိုးရ အဖွဲ့ကို ဖွဲ့စည်း ထားတဲ့ အနိုင်ရ ပါတီဖြစ်ပါ တယ်။ လွှတ်တော်ထဲ မှာလည်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အများဆုံး ရောက်ရှိနေ ပါတယ်။ ဒီလိုအချိန်မျိုးမှာမှ ဒီကိစ်္စတွေကို မဖြေရှင်းပေးနိုင်ရင် ကျွန်တော်တို့လွှတ်၊တော်ရော ကျွန်တော် တို့ အစိုးရရော၊ တာဝန်မကျေရာ ရောက်ပါတယ်။ အများ ကလည်း ပြစ်တင်ရှုတ်ချကြမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ လွှတ်တော် သက်တမ်း အတွင်းမှာပြီးစီး နိုင် သမျှ ပြီးစီးအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်”ဟု သူရဦးရွှေမန်းက ပြောသည်။
ရပ်ကွက်ကျေးရွာ မြေယာစီ မံခန့်ခွဲရေး အဖွဲ့များ ကလည်း မြေယာပြဿနာ များကို မှန်ကန်တိ ကျမြန် ဆန်စွာ ဖြေ ရှင်း ပေးနိုင်ရန် တိုင်အစိုးရ ကြပ်ကြပ်မတ် မတ်ဆောင်ရွက် ပေးဖို့လိုအပ် သည်ဟု ၎င်းက ဆိုသည်။ “ဒီလို ဖစ်လာရင်ဖြစ်လာတဲ့မြေယာပြ ဿနာတွေ ကိုဖြေရှင်းပေး နိုင်ဖို့ရပ်ကွက်ကျေးရွာတွေ မှာရှိကြ တဲ့ သက်သေခံ နိုင်တဲ့ လယ်သမားတွေ၊ ဒါမှမဟုတ်ဒေသခံတွေ ရှိပါတယ်။ သူတိုရဲ့ သက်သေခံချက်တွေကိုသေချာနား ထောင်ပြီးတော့ ဘက်လိုက် ခြင်း မရှိ ဘဲနဲ့ ဆုံးဖြတ်ပေးဖို့လိုပါတယ်”ဟု သူရ ဦးရွှေမန်းက ပြောသည်။
No comments:
Post a Comment