Sunday, December 21, 2014

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများ အရေးယူ

ဇေယျာချမ်းအေး

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့လမ်းဖြတ် ကူးသူများကို စတင်ဖမ်းဆီးအရေးယူနေ ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူးကြီးလင်းထွဋ် က ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း စည်းကမ်းမဲ့လမ်း ဖြတ်ကူးသူများကြောင့် ဖြစ်ပွားသည့် ယာဉ်မှုခင်း ၃၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုတွင်လည်း ပြဿနာ တစ်ရပ်အဖြစ် ပါဝင်နေသောကြောင့် ထိုသို့ ဖမ်းဆီး ခြင်းဖြစ်သည်ဟု ဒု-ရဲမှူးကြီးလင်းထွဋ် က ရှင်းလင်းသည်။

“စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ပညာပေးအရေးယူခြင်းကို ၁၈ ရက်က စတင်ဆောင်ရွက်တာပါ။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ငှားရမ်းထားတဲ့ ဘီအမ်ဘတ်စ်ကား သုံးစီးနဲ့ လှည့်လည် ဖမ်းဆီးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာများ၊ ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများ၊ လူကူးခုံးတံတားရှိ သော်လည်း စည်းကမ်းလိုက်နာမှု အားနည်းသည့်နေရာများတွင် အဓိကဖမ်းဆီးသွားမည်ဖြစ်ပြီး ဖမ်းဆီး ခံရသူများကို မော်တော်ယာဉ်ဥပဒေအရ အမြင့်ဆုံးဒဏ်ငွေကျပ် ၁,၅၀၀ နှင့် ပညာပေးအစီအစဉ်များ ပြု လုပ်မည်ဟုဆိုသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းမှု အရှိန်အဟုန် မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလအတွင်း ယာဉ်မရပ်ရလမ်းများတွင် ရပ်နား သောယာဉ်များကို ကရိန်းဆ အရေးယူမှု ၈၆၂ မှုရှိခဲ့ပြီး ယာဉ်မရပ်ရ လမ်းများသတ်မှတ်ပြီး နောက်ပိုင်း က ရိန်းဆွဲအရေးယူမှု စုစုပေါင်းမှာ ၁၉,၅၉၂ မှု ရှိခဲ့သည်။

No comments: