Monday, December 22, 2014

ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ယာဉ်အပ်နှံခ သတ်မှတ်နှုန်းထားအတိုင်း မကောက်ခံလျှင် တိုင်ကြားနိုင်

မျိုးသန့်

မန္တလေး ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း ကား၊ ဆိုင်ကယ်ယာဉ်အပ်နှံခများကို သတ်မှတ်ထားသည့် အတိုင်း ကောက်ခံခြင်း မရှိလျှင် တိုင်ကြားနိုင်ကြောင်း ဆေးလူမှု ဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။

ကား၊ ဆိုင်ကယ်အပ်နှံခအဖြစ် တစ်စီးလျှင် ကားကျပ် ၃၀၀၊ ဆိုင်ကယ် ကျပ် ၂၀၀ သတ်မှတ်ထားသည့်ထက် ပိုမိုကောက်ခံမှုများ ရှိနေသည်။

“ဆိုင်ကယ်၊ ကားအပ်နှံခကို သတ်မှတ်တဲ့နှုန်းထားကို အသိပေးထားတဲ့ ပိုစတာကပ်ထားပါတယ်။ အဲဒီအတိုင်း ပေးလို့ရတယ်။ တကယ်လို့ ပိုတောင်းခဲ့ရင်ဆေး၊ လူမှုဆက်ဆံရေးရုံးခန်းကို လာရောက်အကြောင်း ကြားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ငွေပိုမိုတောင်းခံမှု တိုင်ကြားလျှင် ကောက်ခံနေသည့်နေရာ၊ ကောက်ခံနေသည့်သူကို တိုင်ကြားနိုင်ပြီးတိုင် ကြားခံရသူ ကို ခေါ်ယူမေးမြန်းခြင်း၊ ပိုမိုနေကြောင်း သေချာလျှင် သတိပေးခြင်းနှင့် ဆက်လက်ကောက်ခံ နေဆဲဖြစ်လျှင် အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူသွားမည် ဖြစ်သည်။

“ဆေးရုံလာတာ ကိုယ်အပူနဲ့ ကိုယ်လာကြတာ။ ပျော်လို့လာတဲ့သူ တစ်ယောက်မှ မရှိဘူး။ ပိုက်ဆံ ၁၀၀၊ ၂၀၀ နဲ့ စကားမ ပြောချင်လို့ သာ ပေးလိုက်ရတာ။ သိပ်ကျေ နပ်တာမဟုတ်ဘူး” ဟု ဆိုင်ကယ်အပ်နှံခ ပို ပေးခဲ့ရသူ ကိုရွှေမန်းက ပြောသည်။

အဆိုပါ ငွေပိုမိုတောင်းခံမှုများကို သေချာတိကျစွာ တိုင်ကြားလာမှသာလျှင် အရေးယူနိုင်မည်ဟု ဆိုသည်။

No comments: