ထက်ထက်အောင်
စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့ကို ပယ်ဖျက်ပေးရန် ရွေး ကောက် ပွဲ ကော်မရှင်သို့ တိုင်ကြားစာများရောက် ရှိနေသည်ဟု ရွေးကောက်ပွဲကော်မရှင်မှ ဌာနခွဲမှူး ဦးဇင်မင်းလှိုင်က ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်အထိ စည်ပင်ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော တိုင်တန်းမှုမှာ သုံးခုရှိပြီး အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်တို့မှ ဖြစ်သည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်သူများက ကိုယ်စားလှယ်လောင်း ၏ နောက်ကြောင်း ရာဇ၀င်၊ စာရိတ္တနှင့် ငွေအလွဲသုံးစားမှုတို့ နှင့် ပတ်သက်၍ ကိုယ် စားလှယ်လောင်း မဖြစ်ထိုက်ဟုဆိုကာ ပယ်ဖျက်ပေးရန် တိုင်ကြားခြင်းဖြစ် သည်ဟု ဆိုသည်။
အဆိုပါ တိုင်တန်းမှုများအတွက် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်ကော်မရှင် အလိုက်ခေါ်ယူစုံစမ်းစစ်ဆေးပြီး တိုင်ကြားခံရသော ကိုယ်စားလှယ်များက ချို့ယွင်း ချက်မရှိကြောင်း တင်ပြနိုင်သဖြင့် အရေးယူခဲ့ခြင်းမရှိဟု ဦးဇင်မင်းလှိုင်က ပြောသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်မှ ကိုယ်စားလှယ်လောင်း ဒေါ်မေအုံး(ခ)မေအုံး ညွန့်ဝေက “ကျွန်မကတော့ ကိုယ့်ဘက်က မမှားအာင် ကော်မရှင် ရဲ့ညွှန်ကြားချက်တွေကို အတိအကျလိုက်နာတယ်” ဟု ဆိုသည်။
ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော တိုင်ကြားမှုများမှာ ယခုအခါတွင် နည်းပါးနေသေးသော် လည်း ရွေးကောက်ပွဲနောက်ပိုင်း တွင်မူ တိုင်ကြားမှုများ ယခုထက်ပိုမိုများပြားလာ နိုင်မည်ဟု ဦးဇင်မင်း လှိုင်က ဆိုသည်။
စည်ပင်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ခံရသည့်ကိုယ်စားလှယ်ကို ကန့်ကွက်ကြောင်း တိုင်ကြားပါ က ရွေးကောက်ခံရပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်သူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးသွင်း၍ တိုင် ကြားရမည်ဖြစ်သည်။ ယင်းငွေကို ပြန်အမ်းမည်မဟုတ်ဟုလည်း ပါရှိသည်။
No comments:
Post a Comment