Friday, September 25, 2009

စစ်အစိုးရ အခွန်ဆောင်မီးစက်ကြောင့် ဒေသခံ မီးစက်များ ရပ်ဆိုင်းရ

ကွန်းဟဒေ့

မွန်ပြည်နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ ရင်းရဲကျေးရွာရှိ လျှပ်စစ်မီးဖြန့် ဝေနေသော ဒေသခံ မီးစက်ပိုင်ရှင် များသည် စစ် အစိုးရကို အခွန်ဆောင် သော ပုဂ္ဂလိပိုင် မီးစက်ကြီး ကြောင့် နှစ်ရှည် လများ မောင်းနေသော ၄င်း တို့၏ မီးစက် လုပ်ငန်းများ ရပ်ဆိုင်းသွားရ သည်ဟု ဒေသခံ များမှ သိရ သည်။

မီးစက်ပိုင်ရှင်သည် ရင်းရဲကျေးရွာ ဥက္ကဌကျော်ဟိန်းနှင့်ပေါင်း၍ လုပ်ကိုင် သည်ဟု ရင်းရဲရွာသားများမှ သိရသည်။

ရင်းရဲကျေးရွာသားများသည် ယခင်က ဒေသခံရွာသားများနှင့် ဘုန်းကြီး ကျောင်းမှ လစာဖြင့်မောင်းနှင်းသော မီးစက်များကို အိမ်တိုင်းတွင် အ သုံးပြုနေကြသည်။

ယခုတွင်မူ ၄င်းထားဝယ်မီးစက်ပိုင်ရှင်များ တပ်ဆင်သော မီးစက်များကို အသုံးပြုရန် ကျေးရွာရှိ ဘုန်းကြီးကျောင်း မီးစက်အပါအဝင် ယခင်မောင်း နှင်နေသော မီးစက်များကို ဥက္ကဌအမိန့်ဖြင့် ပိတ်ထားရသည်ဟု ရွာသား တစ်ဦးက ဆိုသည်။

“ရွာက မီးစက်တွေကို ပိတ်ခိုင်းတာ ၁၀ ရက်လောက်ရှိပြီး၊ သူတို့မီးကို မ ယူ ယူအောင် လုပ်တဲ့သဘောပေါ့၊ သူတို့မီးစက်က မီးကို သွယ်မယ်ဆို ရင် မီတာပုံးအတွက် ၂ သိန်းခွဲ ကျော်ကျော်လောက်ကျ တယ်၊ ယခုရွာ တဝက် လောက်ကို မီတာပုံးယူဖို့အတွက် တ ဝက်လောက်စာရင်းပေးပြီး သွားပြီး” ဟု ၄င်းက ပြောသည်။

ယခင်က ရင်းရဲကျေးရွာတွင် ကျေးရွာမီးစက်များ မီးတောင့်တစ်လုံးစာအ တွက် တစ်လလျှင် ၂၅၀၀ ကျပ်ပေးဆောင်ရပြီး မီးတစ်လုံးနှင့် ဗွီဒီယိုအ သုံးပြုသော အိမ်များအတွက်မူ တစ် လျှင် ၁၀၀၀၀ ကျပ်ပေးရသည်။

ယခုလာရောက် လုပ်ကိုင်သောမီးစက်များသည် တစ်လစာအတွက် ကောက်ခံသည်မ ဟုတ်ဘဲ ယူနစ်ဖြင့် တစ်ယူနစ်လျှင် ၄၅၀ ကျပ် ပေး ဆောင်ရသည်ဟု တခြားရွာသား တစ်ဦးက ဆိုသည်။

ရင်းရဲကျေးရွာတွင် လာရောက်လုပ်ကိုင်သော မီးစက်ပိုင်ရှင်သည် တ နင်္သာရီတိုင်း ထား ဝယ်မြို့မှ သူဌေးတစ်ဦး ဖြစ်သည်။ ၄င်းသည် ရေးမြို့ နယ် ကလော့ကျေးရွာတွင် လာရောက် လုပ်ကိုင်ပြီး မီးအားထက် အိမ်ခြေ များသွားသောကြောင့် မီးစက်သည် အိမ်ခြေနှင့် မကိုက်ညီ၍ ရင်းရဲကျေး ရွာသို့ ပြောင်းရွေ့လုပ်ကိုင် ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်စပြီး ရေး ၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင်လည်း အစိုးရမှ မီးသွယ်ပေးထားသည့်အတွက် လစာစားမီးစက်မောင်းနေသော မီးစက် ပိုင် ရှင်များသည် ၄င်းတို့၏ လုပ်ငန်းကို ရပ်တန့်ခဲ့ရသည်။ သို့သော် အစိုးရစီစဉ်ပေးသော မီးစက်သည် မီးတစ်လခန့်သာ အချိန်ပြည့်လာပြီး ယခုအချိန်အထိပင် အစိုးရမီးမှာ ပြတ်တောက်လျက်ရှိသည်။

သို့အတွက်ကြောင့် တချို့ကျေးရွာများသည် အစိုးရမီးစက်မှ မီးမရသည့် အတွက်ကြောင့် ယခင်ရပ်ဆိုင်းခဲ့ရသော လစာစားမီးစက်များကို ပြန် လည်အသုံးပြုရသည်ဟု ဒေသခံ များမှ သိရသည်။

No comments: