Thursday, September 24, 2009

ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ 24 ရက် 2009

အောက်တိုဘာလ ၁ ရက်နေ့ မှစ၍ ငါးထောင် ကျပ်တန် ငွေစက္ကူ သစ်များ ထုတ်လုပ် ဖြန့်ဝေ တော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင် သံကြား က ယနေ့ည သတင်းတွင် ကြေညာ သွားသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာ့ရုပ်မြင်က ထုတ်လွှင့်သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူလူထုအတွင်း လည်ပတ် သုံးစွဲသွားမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။

ထင်မှတ်ထားခြင်း မရှိသော ကြေညာချက်ကြောင့် လူအများ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့မည်ဟု စိုးရိမ် ကုန်ကြသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။

No comments: