Monday, September 21, 2009

ဒီကေဘီအေတို့ပစ်ခတ်မှုကြောင့် ကရင်ရွာသားများထိုင်းနယ်စပ်တွင်တိမ်းရှောင်ထွက်ပြေးနေရ

Kaowao

။ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၆)ဒေသကို ဒီကေ ဘီအေ တပ်ရင်း(၉ဝ၆)မှ ဗိုလ်ကြီး အေဝမ်းဦးစီး တပ်ဖွဲ့ ဝင်(၄ဝ)ကျော်တို့သည် စက်တင်ဘာ(၁၈)ရက်နေ့တွင်ဝင် ရောက်ထိုးစစ်ဆင်ခဲ့သည်။

အဆိုပါဒေသကိုဝင်ရောက်ရှင်းလင်းရာတွင်ဒီကေဘီအေတပ်များအနေနဲ့ ကျည်ဆံနဲ့အ ရင်ပစ်ခတ်ရှင်းလင်းပြီးမှ ဝင်ရောက်လာတာ ကြောင့် အပစ်မဲ့တဲ့ သဘာဝကျေးရွာနေ ရွာသူရွာသား(၁၆)ယောက်ခန့် နေရပ်ကိုစွန့်ခွါပြီး ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေး ရှောင်တိမ်း လာခဲ့သည်၊၊ ထိုကဲ့သို့ နေရပ်ကိုစွန့်ခွါပြေး လာခဲ့ရသည့် ကရင်ဒုက္ခသည်တွင် အသက်(၆ဝ)ကျော် သက်ကြီးပိုင်းနှင့် အရွယ်မရောက်သေး သူခလေး သူငယ်အများ အပြားပါ ဝင်သည်ဟု သိရပါသည်။ ၄င်းအပြင် ဘုရားသုံး ဆူမြို့နှင့် မဲကသာကျေးရွာ အတွင်းဝင်ထွက် သူများ ကိုလည်း ဒီကေဘီ အေတပ်များမှ ပိုပြီးစစ်ဆေး လာခဲ့သလို မဲကသရွာ အနီးတွင်ရှိသည့် သတ္တုမိုင်း နယ်မြေ၌ အလုပ်လုပ်နေ သူများ ကိုလည်း မဲကသရွာနှင့် အဝင်အထွက် ပိတ်ပင်ခဲ့ပါသည်။ ရွာထဲမှာလည်း စည်းကမ်းချက် အသစ်ဖြစ်သည့် ညဖက် ရွာပြင်မထွက် ရအမိန့် ထုတ်ထားသည်ဟု ထွက်ပြေး လာသောရွာသား များက ပြောပါသည်။

စစ်ဘေးထွက်ပြေးလာတဲ့ရွာသားကဒီကေဘီအေစစ်သားတွေကိုတွေ ကျွန်တော်တို့သဘာဝရွာထဲဝင် လာတော့ အိမ်ကြားထဲကိုသေနတ်နဲ့ အရမ်းပစ်တယ်။ ကျွန်တော်တို့ ဒီကေဘီအေစစ်သားတွေကို ကြောက်တယ်။ ညဘက်ဆိုသူတို့ဓါတ်မီးတောင် ပေးမထိုးဘူး။ ကြောက်လို့ထွက်ပြေးလာတာပျော်လို့ ထွက်ပြေးလာတာမဟုတ်ဘူး။ နယ်မြေအေးချမ်းသွားယင်အိမ်ပြန်ချင်တယ်ဟု သဘာဝကျေးရွာသား တဦးမှပြောဆိုခဲ့ပါသည်။

စစ်ဘေးဒါဏ်ကြောင့် နေရပ်ကိုစွန့်ခွါပြေးလာခဲ့ရတဲ့ ကရင်ဒုက္ခသည်တွေကို ကြည့်ရှုစောင့်ရှောက်မဲ့သူမရှိသေး၍ နယ်စပ်ရှိဆွေမျိုးသားချင်းများကသာ မရှိမဲ့ရှိမဲ့ဖြင့် စားစရာများကိုဝေငှစားသောက်နေကြရကြောင်း ကေအာန်ယူ တပ်မဟာ(၆)က ပြောရေးဆိုခွင့်ရှိသူ စစ်ဘက်အရာရှိပဒိုစောထဲနေကို ဆက်သွယ်မေးမြန်းခဲ့ရာ မှာ-

ထွက်ပြေးလာတဲ့အိမ်ထောင်စုမှာ လူဦးရေက(၁၆)ဦး အသက်အကြီးဆုံးကတော့ အဖွါးကြီးတဦးကျ တော့ (၆၉)နှစ် အသက်အငယ်ဆုံးကတော့ သုံးနှစ်သမီးတယောက်ပါတယ်။ ဆယ့်သုံးနှစ်တို့ (ရ)နှစ်တို့ (၆)နှစ်တို့လေး ငါးဦးပါတယ်။ လောလောဆယ်ကျတော့ ကြည့်ရှူစောင့်ရှောက်ထားတဲ့အဖွဲ့တော့မရှိ သေးဘူးဟု တရားဝင် ပြောဆိုခဲ့ပါသည်။

- ယခုလိုတပ်မဟာ(၆) အပေါ် ထိုးစစ်ဆင်လာသောကြောင့် ဒေသအတွင်း မတည်ငြိမ်မှုနှင့် စစ်ပြေးဒုက္ခသည်တွေ စတင်ဖြစ်ပွားလာခြင်းဖြစ်ပါသည်၊၊ လက်ရှိတွင် ဘုရားသုံးဆူနယ်စပ်၌ လူမှုကယ်ဆယ်ရေး အဖွဲ့များမရှိသေးသဖြင့် ထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ နှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်၊၊

No comments: