Wednesday, September 23, 2009

တပ်မဟာ(၆) KNU ဧရိယာအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေ

Kaowao စက်တင်ဘာ ၂၃၊၂၀၀၉

စံခလပူရီ(စက်တင်ဘာ-၂၃)။ ။ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များ KNU တပ်မဟာ(၆)ဒေသသို့ စစ်အင် အားတိုးမြှင့် ချထားလာ ရာ ယခုလပိုင်းအတွင်း KNU မှမိုင်းဖြင့်ခြုံခိုတိုက်ခိုက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းတို့ ကြောင့် နအဖစစ်ကြောင်းများ မကြာခဏ ကျဆုံး ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပေါ်နေသည်ကို သတင်းပေး ပို့ချက်များအရ သိခဲ့ရသည်။

ယနေ့တွင် ဘုရားသုံးဆူမြို့ အနန်းကွင်းရွာအကြား မွန်ပြည်သစ်ပါတီစခန်းတစ်ခုအနီး တားဒိန်ရွာ၌ ခမရ ၃၅၅ စစ် ကြောင်းကို KNU မှမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှုးအပါအဝင် ရဲဘော်တစ်ဦးတို့ အနည်းငယ်ထိရှမှုဖြစ်ပွားခဲ့ သည်။

ယမန်နေ့၌ အဆိုပါခမရ ၃၅၅ စစ်ကြောင်းသည် ဤသို့ချီတက်လာစဉ် အပလုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေ၊ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။ ကော့ကရိတ်မြို့နယ်၊ တောင်အုပ်ရွာအနီးတွင်လည်း ယမန်နေ့၊ နေ့လည်ပိုင်း၌ ခလရ ၂၃၀ နအဖစစ်ကြောင်းကို KNU ပစ်ခတ်ခဲ့ပြန်ရာ နအဖစစ်တပ်မှ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်ဟု KNU မှပြောဆိုသည်။

စက်တင်ဘာ ၂၁ ရက်၊ ညပိုင်း ၁၁ နာရီခန့်တွင် အဆိုပါတောင်အုပ်ရွာအနီး၌ ဒီကေဘီအေ ၉၀၇ တပ်ဖွဲ့နှင့် ခလရ ၂၃၀ တို့လုံခြုံရေးယူထားသော လမ်းဖေါက်ဘူဒိုဇာ ၂ စီးကို KNU တို့မိုင်းခွဲ ဖျက်ဆီးခဲ့သည်။


No comments: