Wednesday, September 23, 2009

လူ့အခွင့်အရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေဆဲဟုဆို

ကို(၂)/ စက်တင်ဘာ ၂၃၊ ၂၀၀၉

ဆွီစ်ဇာလာ နိုင်ငံ ဂျာနီဗာ မြို့မှာ ကျင်းပသည့် ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် မြန်မာ နိုင်ငံအပေါ် တင်ပြ ဆွေးနွေး ခဲ့ကြ သည့် နေရာမှာ မြန်မာ နိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေဆဲ အခြေ အနေမှာ ရှိနေသေး သည်ဟု ဆိုသည်။


ယခုလ စက်တင်ဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ လူ့အခွင့်အရေးကောင်စီ၏ ၁၂ ကြိမ် မြောက်နှစ်ပတ်လည် အ စည်းအဝေးတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအကြောင်းကို အမေရိကန်နိုင်ငံ ကိုယ်စားလှယ်နှင့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တင်ပြ ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရသည် အတိုက်အခံအင်အားစုများကို ဖိနိပ်ထားပြီး တိုင်းရင်းသားလူနည်းစုများနှင့်လည်း စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများကို မဆောင်ရွက်နိုင်သည့်အတွက် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေဆဲ ရှိသည်ဆိုသည့် အကြောင်းများ ပါရှိကြောင်းသိရသည်။

“စစ်တပ်က ဖွဲ့စည်းပုံမှာလည်း ထိမ်းချုပ်ဖို့ကြိုးစားတယ်၊ နိုင်ငံတော်ရဲ့သံယာဇာဓတွေကိုလည်း ထိန်းချုပ်ထားတယ်၊ ရွေးကောက်ပွဲ ကို လည်း သူစိတ်တိုင်းကျလုပ်မယ်၊ လူ့အခွင့်ချိုးဖောက်မှုကိုလည်း တော်တော်လေးနဲ့ ပျောက်သွားမယ့်ပုံမပေါ်ဘူး။ ဆိုတော့ ဒီလိုအနေ အထားမျိုးမှာ အကောင်းမြင်ဖို့ တော်တော်ခက်တာပေါ့” ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကပြောပါသည်။

ဆက်လက်ပြီး ဦးအောင်နိုင်ဦးက “အာဏာရှင်နိုင်ငံတိုင်းဟာ ဒီလုံခြုံရေးကိစ္စကို သူတို့ ထိပ်ဆုံးမှာထားပြီးတော့ ဦးစားပေးစဉ်းစား လေ့ရှိ တယ်။ ပေါ်လစီလုပ်တဲ့ လုပ်ငန်းတိုင်းမှာ ထည့်လေ့ရှိတယ်။ အဲ့ဒီသဘောပဲ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်တယ်ဆို တဲ့အပိုင်း က လည်း သူ့အတွက် အန္တာရာယ်မဖြစ်နိုင်ဘူး၊ လုံခြုံမှုတွေ ပေးနိုင်တယ်၊ ပြဿနာမရှာနိုင်တော့ဘူး ဆိုတဲ့လူတွေကိုပဲ ရွေးထုတ်တာဖြစ် တယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၂ ၀၀၀ ကျော်သော နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ဖမ်းဆီးထားခြင်း သည် နိုင်ငံရေး လုပ်ငန်း စဉ်များတွင် မပါဝင်လာနိုင်အောင်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မပါဝင်နိုင်အောင် ဖန်တီးထားခြင်းသည် ရွေးကောက်ပွဲ အားနိုင်ငံတကာမှ ယုံကြည်စိတ်ချရန် ခက်ခဲသည်ဟု ဆိုသည်။

No comments: