Friday, September 25, 2009

စံပြကျေးရွာသား ၂ ဦး မောင်တောတွင် ဓါးဖြင့် ခုတ်သတ်ခံရ

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) မောင်တောမြို့တွင် ဗမာပြည်မှ ပြောင်းရွှေ့ နေထိုင်နေကြသော ဗမာအမျိုးသား နတလ စံပြကျေးရွာသား ၂ဦးကို အမည်မသိသူ မူဆလင် အုပ်စု တစုက ယနေ့နံနက်တွင် ဓါးဖြင့် အသေ ခုတ်သတ် သွားခဲ့သည်။

အသတ်ခံရသူ (၂) ဦးမှာ ဒုချရားတန်း ကျေးရွာ ခရေမြိုင် နတလ စံပြကျေးရွာမှ ဦးစံမြင့် (၅၃ နှစ်) နှင့် ဦးစောအောင် (၄၈ နှစ်) တို့ ဖြစ်ကြသည်။

နောက် အသက် ၁၇ နှစ်အရွယ် မောင်ဘိုကိုမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး မနီနီအောင် (၁၆ နှစ်)မှာ တစုံတရာ ဒဏ်ရာရရှိခြင်း မရှိဘဲ ထွက်ပြေး လွတ်မြှောက်သွားခဲ့သည်။

စံပြကျေးရွာသားများနှင့် နီးစပ်သော သတင်းအရ အမဲရောင် ယူနီဖေါင်း ဆင်တူ ၀တ်ဆင်ထားသူ မူဆလင် လူမျိုး ၁၀ ကျော် ခန့်သည် မျက်နာဖုံးများစွပ်ကာ လုပ်သေနတ်များနှင့် ဓါးများကို ကိုင်ဆောင်ပြီး ခရေမြိုင်ကျေးရွာတွင်းသို့ ညဥ့် ၁ နာရီခန့်တွင် တိတ်တဆိတ်ဝင်ရောက်လာပြီး ဗွီဒီယို ရုံထဲတွင် အိပ်နေကြသော စံပြကျေးရွာသား ၄ ဦးတို့ကို အသင့်ပါလာသော ဓါးများဖြင့် မသေမချင်း ခုတ်သတ်ကြသည်ဟု သိရသည်။

အဆိုပါ ခုတ်သတ်မူကြောင့် စံပြကျေးရွာသား ၂ ဦးမှာ အဆိုပါ ဗွီဒီယိုရုံတွင် ပွဲချင်းပီး သေဆုံးသွားခဲ့ကြသည်။

ဆေးရုံဝန်ထမ်းတဦးမှလည်း အလောင်းနှစ်လောင်းဖြင့် ဒဏ်ရရှိသူ လူငယ် တစ်ဦးတို့ ဆေးရုံကို ရောက်ရှိနေပြီး စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များကို ယခုနှစ်အတွင်း ဒေသခံ မူဆလင်များ တိုက်ခိုက်မူတိုးပွားလာပြီး အဆိုပါ တိုက်ခိုက်မူများကြောင့် အနည်းဆုံး လူ ၇ ဦး ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ဒေသခံ မူဆလင်များက တိုက်ခိုက်မူကြောင့် ယခု စံပြကျေးရွာ ၂ ဦးကို သေဆုံးမူမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင်က တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသူများမှာ ရခိုင်လူမျိုးများ ဖြစ်ကြသည်။

ယခုကဲ့သို့ မူဆလင်များ၏ တိုက်ခိုက်မူကြောင့် စစ်အစိုးရ စီမံကိန်းဖြင့် လာရောက် အခြေချနေထိုင်သူများ စံပြကျေးရွာမှ ဗမာ အမျိုးသားများ သေဆုံးရသဖြင့် စစ်အာဏာပိုင်များ အကြားတွင် အထူး ဒေါသဖြစ်ပွားနေပြီး အနီးအနား ကျေးရွာများမှ ဒေသခံ မူဆလင် အများအပြားကို ခေါ်ယူ စစ်ဆေးမူများ ပြုလုပ် နေကြောင်း သိရှိရသည်။

No comments: