Thursday, November 19, 2009

ဒေါ်စုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ပေးပို့သော စာ

မဇ္ဈိမသတင်းဌာန

သို့

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ

ဥက္ကဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နေပြည်တော်

ရက်စွဲ - ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်

အကြောင်းအရာ။ ။မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း။

၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကင်းဘဲနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် စီစဉ်ပေးမှုအတွှက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို အထူးကျေးဇူးတင်ရှိပါသည်။

၂။ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးအတွက် ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ ပိုမိုသိရှိလိုကြောင်း တင်ပြချက်အပေါ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက လိုအပ်သော စီစဉ်ဆောင်ရွက်ပေးမူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါ သည်။

၃။ အခြားနိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့် လုပ်ငန်းများကိုလည်း ကျမ အနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဧ။် လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ ဝင်များအားလုံး ကိုကျမဧ။်နေအိမ်သို့ ဖိတ်ခေါ်တွေ့ ဆုံဆွေးနွေးလိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော ဥက္ကဌဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဦးလွန်းတင်တို့ ကို ၄င်းတို့ ဧ။်နေအိမ်အသီးသီးသို့ သွားရောက် ဂါဝရပြုကန်တော့ပြီး၊ (၁) ဒုဥက္ကဌ ဦးတင်ဦး၊ (၂) အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များဖြစ်ကြသော (၃)ဦးဝင်းတင် (၄) ဦးခင်မောင်ဆွေ (၅) ဦးသန်းထွန်း (၆) ဦးစိုးမြင့် (၇) ဦးလှဖေ (၈) ဦးညွန့်ဝေ တို့ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ကျမ၏နေအိမ်တွင် ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက်ရယူရေးကို စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။

၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံညီတွေ့ဆုံပြီးနောက် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့် လုပ်ငန်းများကို ကျမအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း တင်ပြအပ်ပါသည်။

ကျမအနေဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့်လုပ်ငန်းများအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံတင်ပြခွင့်ပြုပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်
(ဒေါ်အောင်ဆန်းစုကြည်)

မူရင်းစာ






No comments: