Friday, November 20, 2009

မွန်ပြည်သစ်ပါတီနှင့် နအဖနိုင်ငံရေးဗျူဟာ

လေးငယ်

၁၊၊ မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်၊၊
အဲဒီလိုရပ်စဲနိုင်အောင်၊ အဖွဲ့အစည်းတွင်းမှာလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်၊၊ အထူးသဖြင့် ဟိုအချိန်မှာ ဥက္ကဌဖြစ်ခဲ့တဲ့ နိုင်ရွှေကျင်က ဗဟိုကော်မီတီအဖွဲ့အပေါ် များစွာဖိအားပေးခဲ့ပါတယ်၊၊ ဤကဲ့သို့ဖိ အားပေးရလောက် အောင်ကလည်း၊ မွန်ပြည်သစ်ပါတီအပေါ် ဖိအားပေးနိုင်လောက်တဲ့ နိုင်ငံအဖွဲ့အစည်း တွေကြောင့်လည်း ဖြစ်နိုင်ခဲ့သလို ပါတီတွင်းပဋိပက္ခကြောင့်လည်း ဖြစ်နိုင်ပါတယ်၊၊

၂၊၊ ဤသို့ဖြစ်ခဲ့ရသည်မှာ အထူးသဖြင့် ဟိုအချိန်က ခေတ်စားနေတဲ့ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ပေါ်လစီဖြစ်တဲ့ စစ်မြေပြင် ကနေ စီးပွားရေးဈေးကွက်အဖြစ်ကို ပြောင်းချင်တဲ့ပေါ်လစီကြောင့် လည်းဖြစ်နိုင်ပါတယ်၊၊ မည်သို့ပင်ဆိုစေ၊ နောက်ဆုံး တော့ အပစ်အခတ်ရပ်စဲခဲ့ရပါတယ်၊၊ ဤအချိန်ကစပြီး၊ ထိုင်းနိုင်ငံနှင့် စစ်အစိုးရကြားစီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံမှု တွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာခဲ့ပါတယ်၊၊ ကနေ့ဆိုရင်နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီးတော့ စီးပွားဖြစ်နေကြ ပါပြီး၊၊ ဤသည် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ရဲ့ အပစ်အခတ် ရပ်စဲရေးကြောင့် မဟုတ်ပေမဲ့ အဲဒီပေါ်လစီကြောင့် ထိုင်းမြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက် လာတဲ့ပြယုတ်ဆိုရင် မှားမှာမဟုတ်ပါဘူး၊၊

၃၊၊ ဤကိစ္စသည်၊ နယ်စပ်မှာရပ်တည်နေရတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ အားနည်းနေတဲ့ အနှစ်ချုပ်အခြေ အနေပင်ဖြစ်ပါတယ်၊၊ ဒီအားနည်းချက်တွေကို နအဖကလည်းသိသလို အသုံးလည်းချနေပါ တယ်၊၊ တကယ်တော့ မွန်ပြည်သစ်ပါတီဟာ၊ စစ်အစိုးရရဲ့အခြေခံဥပဒေ၊ ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုအပေါ် နအဖကထားရှိတဲ့ သဘောထား တွေကို လက်ခံတဲ့အဖွဲ့အစည်းမဟုတ်သလို အခုဆိုရင်လည်း၊ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး၊၊ ဒါဆိုရင် မွန်ပြည်သစ်ပါတီကို နအဖ ကဘယ်လို မျိုးသတ်လျို ဖြိုခွဲကြမှာလဲ-

၎၊၊ ဒါကိုလည်း မွန်ပြည်သစ်ပါတီက သတိကြီးစွာစောင့်ကြည့်နေပါတယ်၊၊ မွန်ပြည်သစ်ပါတီဟာ အပစ်အခတ်ရပ်စဲရေး ကို ရရင်ရချင်း၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ စစ်အစိုးရကို အမြဲတမ်းတောင်းဆိုခဲ့ပါတယ်၊၊ စစ်အစိုးရကကျင်းပတဲ့ အမျိုးသားညီလာခံကိုလည်း တခြားတိုင်းရင်းသားတွေနဲ့အတူ (၂ဝဝ၄)ခုနှစ်မှာ တက်ရောက်ဆွေးနွေးခဲ့ပါတယ်၊၊ စစ်အစိုးရကလည်းဘဲ “ကျနော်တို့ဟာ စစ်အစိုးရသာဖြစ်တယ်၊ ဘာမှ မဆုံးဖြတ်နိုင်ပါဘူး၊ ဒါကြောင့် နောက်ပေါ်လာမဲ့ အစိုးရနဲ့သာ ဆက်ဆွေးနွေးပါဆိုပြီး” တစိုက်မတ်မတ် ပြောလာနေခဲ့ပါတယ်၊၊

၅၊၊ ကနေ့မှာတော့ စစ်အစိုးရဟာ မွန်ပြည်သစ်ပါတီအပေါ် နယ်ခြားစောင့်တပ်ပြောင်းဖို့ ဖိအားပေးလာနေပါတယ်၊၊ မွန်ပြည်သစ်ပါတီကလည်း တချိန်ကစစ်အစိုးရက တွင်တွင်ပြောလာခဲ့တဲ့ စကားကိုဘဲပြန်လည် အသုံးချနေပါတယ်၊၊ “ကျနော်တို့မွန်ပြည်သစ်ပါတီဟာ နောက်တက်လာမဲ့အစိုးရနဲ့သာ နိုင်ငံရေးအရ ဆက်ဆွေးနွေးချင်ပါတယ်လို့” ခပ်တွင် တွင်ဘဲ တုန့်ပြန်နေခဲ့ပါတယ်၊၊ ဒါကြောင့်မွန်ပြည်သစ်ပါတီဟာ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေလို အကြပ်ကိုင်ခံရ ပေမဲ့လည်း အရှေ့တောင်းတိုင်း တိုင်းမှုးအဆင့် ဆွေးနွေးပွဲလောက်ကတော့ ပန်းပန်လျက်ဘဲလို့ ပြောနိုင်ပါတယ်၊၊ ဒါပေမဲ့လည်း—

၆၊၊ အပစ်အခတ်ရပ်စဲရေးအစတုန်းကဆိုရင် မွန်ပြည်သစ်ပါတီဝင်တွေကို မူးရစ်ဆေးဝါးကုန်ကူးမှုနဲ့ ပါတ်သက်လာနိုင် အောင်၊ ပုံစံအမျိုးမျိုးနဲ့ လှည့်ကွက်ဆင်ပြီး မှိုင်းတိုက်ခဲ့ပါတယ်၊၊ မွန်ပြည်သစ်ပါတီကလည်း၊ မူးရစ်ဆေးဝါးကုန်ကူးမှုနဲ့ ပါတ်သက်လာတဲ့ပါတီဝင်တွေကို ပြင်းပြင်းထံထံအရေးယူခဲ့ပါတယ်၊၊ ဒါကြောင့် ကနေ့ဆိုရင် မွန်ပြည်သစ်ပါတီကို မူးရစ်ဆေးဝါးနဲ့နာမည်ပျက်အောင် တံဆိပ်ခတ်လို့မရခဲ့ပါဘူး၊၊ ဒါဆိုရင် နောက်ထပ်ဘာတွေများထပ်ပြီးလုပ်ဦးမှာလဲ-----

၇၊၊ စည်းလုံးညီညွတ်နေတဲ့ မွန်ပြည်သစ်ပါတီကို ဘယ်လိုမျိုးရိုက်ချိုးနေတာလဲ------- မွန်ပြည်သစ်ပါတီကို စစ်ရေးအရ အရေးယူလာနိုင်မလား---- အပစ်အခတ်မရပ်စဲခင် အခြေအနေမျိုးတုန်းက တိုင်းရင်းသားတွေရဲ့ အားနည်းနေတဲ့ အချက်ကို ပြန်လည်အသုံးချမှာလား----- အသုံးချခဲ့ရင်ဘာတွေဖြစ်လာနိုင်မှာလဲ-------- စတဲ့စတဲ့ အကြောင်းအရာတွေ ကိုတော့ ရှေ့အပတ်တွေမှာ အားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်၊

No comments: