Thursday, January 7, 2010

စစ်တကောင်းတွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ တွေ့မည်

Narinjara News

နှစ်နိုင်ငံ အကြား ဖြစ်ပွားနေသော ရေပြင် ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့တို့သည် လာမည့်သောကြာနေ့တွင် စစ်တကောင်း၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်မည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် M Khurshed Alam က ဦးဆောင်မည် ဖြစ်သည်။

ဆွေးနွေးပွဲမှာ (၂) ရက်ကြာမြှင့်မည် ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ အကြား ဖြစ်ပေါ်နေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် အတွက် မြန်မာနှင့် ဘင်္ဂလား ဒေခ်ျ့ နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးမူများ မကြာခဏ ရှိနေသော်လည်း ပြေလည်အောင် မဖြေရှင်းနိုင်သေးဘဲ ရှိနေကြောင်း သိရသည်။


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းရန် ကုလသမဂ္ဂသို့ တင်ပြ တောင်းဆိုထားပြီး မြန်မာဘက်က တောင်းဆိုထားသော ရေပြင် ပိုင်နက် တချို့မှာ ဘင်္ဂလာဒေခ်ျ့ ပိုင် ရေပြင်ပိုင်နက် ဖြစ်ကြောင်းဖြင့် ကန့်ကွက် ပြောဆိုထားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့အကြား ရေပြင်ပိုက်နက် အငြင်းပွားမူကြောင့် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလက နှစ်ဘက်ရေတပ် သင်္ဘောများကို အငြင်းပွားရာ ရေပြင် ပိုင်နက်သို့ စေလွတ်ခဲ့ရ အထိ ပြဿနာ ကြီးကျယ်ခဲ့သည်။

ကုလသမဂ္ဂ သတင်းအရ မြန်မာအနေဖြင့် သူ့ရေပြင်ပိုင်နက်ကို ၂၀၀၉ ခုနှစ် မေလ ၂၁ ရက်နေ့က ပိုင်းခြား သတ်မှတ်ခဲ့ပြီး ကုလ သမဂ္ဂသို့ တင်ပြရမည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ အနေဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပိုင်းခြား သတ်မှတ်ပြီး ကုလသို့ တင်ပြရမည် ဖြစ်သည်ဟု သိရသည်။


No comments: