Narinjara News
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားမြို့တွင် နေထိုင်သော မြန်မာနိုင်ငံမှ မူဆလင်များကို ဘင်္ဂလာ အာဏာပိုင်များက စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
လွန်ခဲ့သော (၂) ရက်အတွင်းက ဘင်္ဂလာရဲနှင့် ပြည်သူ့ စစ်အတော်များများက ကော့ဘဇားရှိ မြန်မာနိုင်ငံသား မူဆလင်များ နေထိုင်ရာ အိမ်တော်တော်များကို ၀င်ရောက်စီးနှင်းပြီး ဖမ်းဆီးမူများ ပြုလုပ်ခဲ့သည်။
ဘင်္ဂလာရဲ တာဝန်ရှိသူများ အပြောအရ မြန်မာနိုင်ငံမှ တရား မ၀င် ၀င်ရောက်လာသူ ရိုဟင်ဂျာခေါ် မြန်မာနိုင်ငံသား မူဆလင် ၃၉ ဦးကို ဆိုက်ကား အစီး ၃၀ နှင့် အတူ လွန်ခဲ့သော (၂) ရက်အတွင်း ဖမ်းဆီးရမိကြောင်း ပြောသည်။
ဖမ်းဆီးခံရသူများကို ဘင်္ဂလာရဲက အမူသုံးခုဖြင့် ယမန်နေ့က ကော့ဘဇား တရားရုံးတွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများမှ ယခင်က ကော့ဘဇားမြို့တွင် နေထိုင်သော မြန်မာနိုင်ငံမှ မူဆလင်များကို ဖမ်းဆီးခြင်း မရှိခဲ့ဘဲ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင်တွင်သာ ဖမ်းဆီးမူများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမှ မူဆလင် ထောင်သောင်းချီပြီး ဘင်္ဂလာဒေခ်ျ့ကို ၀င်ရောက်နေကြောင်း ကော့ဘဇား ဘင်္ဂလာရဲအဖွဲ့ တာဝန်ရှိသူမှ ပြောကြားကာ ဆက်လက်ပြီး ဖမ်းဆီးမူများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
အများစု မြန်မာနိုင်ငံသား မူဆလင်များမှာ ကော့ဘဇားမြို့တွင် ဆိုက်ကားနှင်းခြင်း အပါအ၀င် အလုပ်ကြမ်းများကို လုပ်ကိုင်လျှက် ရှိကြသည်။
No comments:
Post a Comment