ကေအင်ဂျီ
မြန်မာစာတိုက်နဲ့ ကြေးနန်းဌာနက ပြည်တွင်း လက်ကိုင်ဖုန်း စနစ်ကို ကချင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်တောင်ပိုင်း အပါအ၀င် ပြည်နယ်နဲ့ တိုင်း ၉ ခုကို ဒီလအတွင်း တိုးချဲ့ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ကြိုတင်ငွေသွင်းစနစ်နဲ့ ထောင်နဲ့ ချီတဲ့ လက်ကိုင်ဖုန်းအသစ်တွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ အီလိုက်တက်ခ် ကုမ္ပဏီက ကြေငြာခဲ့တယ်လို့ မြန်မာတိုင်းမ် သတင်းစာက ဖော်ပြပါတယ်။
ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်တောင်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး (အရှေ့ပိုင်း) နဲ့ ဧရာဝတီတိုင်းတွေမှာ ဒီလအတွင်း ငှားရမ်းခ ငွေ ကျပ် ငါးသိန်းနှုန်းနဲ့ ချပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ချပေးမယ့် ဖုန်းအရေအတွက်ကို အတိအကျ မပြောပေမယ့် ပြောရေးဆိုခွင့်ရှိသူက သတ်မှတ်ထားတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ဒေသတွင်း လက်ကိုင်ဖုန်းအဖြစ်အသုံးပြုနိုင် မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလက်ကိုင်ဖုန်းတွေကို ကြိုတင်ငွေသွင်းကဒ်ပြားများအဖြစ် ကျပ် တစ်သောင်း၊ သုံးသောင်း၊ အက်ဖ်အီးစီ ၂၀၊ အက်ဖ်အီးစီ ၅၀ နှုန်းတွေနဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ငွေသွင်းကဒ်ပြားများရဲ့ သက်တမ်းဟာ သုံးလ ဖြစ်ပါတယ်။
ဖုန်းခတွေကို ကဒ်တန်ဖိုးထဲက ထုတ်နှုတ်သွားမှာ ဖြစ်ပြီး ပြည်တွင်း ခေါ်ဆိုခအဖြစ် တမိနစ်ကို ကျပ် ၅၀နဲ့ နိုင်ငံခြားခေါ်ဆိုခ အဖြစ် ၁မိနစ်ကို အက်ဖ်အီးစီ 0.90 ကုန်ကျမှာ ဖြစ်ပါတယ်။ အ၀င်ဖုန်းခတွေအတွက်ကတော့ အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment