ကို(၂)
မိုးခေါင်သည့်နှစ်နှင့် ကြုံနေရ၍ ကရင်နီပြည်သူများအပေါ် စစ်အစိုးရမှ စပါးအခွန်ကောက်မှုများအပြင် အခြားသောသီးနှံများကိုလည်း အခွန်ကောက်မှုများ ရှိသောကြောင့် ဒေသခံပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်ရပြီး စိတ်ဆင်းရဲမှုနှင့် ခံစားနေကြရသည်ဟု လယ် သ မားများက ပြောသည်။
“အရင်နှစ်က စစ်တပ်က ကျမတို့ကို ပြောင်းစေ့ထုတ်ပေးတယ်၊ တအိမ်ကို တဗူးတဗူးစီဝေပေးတယ်။ မယူလည်း မရဘူးတဲ့ အဲ့ဒါနဲ့ ယူလိုက်ကော။ ယူပြီးတော့ ကျမတို့က ၄ ပိတ်သာလောက် ပြန်ပေးရတယ် စစ်တပ်တွေကို။ စပါးတွေ သီးနှံတွေမအောင်တဲ့ကြားထဲကနေ ကျမတို့ကို ဒုက္ခအမျိုးမျိုး လိုက်ပေးနေတယ်လေ” ဟု လွိုင်ကော်မြို့နယ် ထီးစခါးအုပ်စု ကိုးပေါင်းကျးရွာနေ လယ်သမား အမျိုးသမီးတဦးက ပြောသည်။
ယခင်နှစ် မိုးဦးကျရာသီ ဖြစ်သော်လည်း ကရင်နီပြည် ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် အတွင်းရှိ ဒေသတွင် မိုးခေါင်ပြီး လယ်သမားများ မိုးစပါးအတွက် ထွန်ယက်စိုက်ပျိုးရန် အခက်တွေ့နေရကြရ သည်။
“ပြောင်းတို့ ပဲစေ့ငုံတို့အတွက် ပိုးသတ်ဆေးနဲ့ ဆေးဖြန့်မယ်ဆိုရင်လည်း လူကို အန္တာရာယ်ဖြစ်စေတယ်ဆိုပြီး မဖြန့်ရဲကြဘူး။ စပါးဆိုရင် စပါးနှံက ဖြောင့်ဖြောင့်လေးတွေ ဖြစ်ကုန်တာ။ ရိတ်သိမ်းလို့မရတော့ဘူး” ဟု ကိုးပေါင်းကျးရွာနေ လယ်သမား အမျိုးသမီးတဦးက ဆက်လက်ပြောကြားသွားပါသည်။
မြေယာမကောင်းသည့် ကျေးရွာများသည် အငှားလယ်ဖြင့် လယ်လုပ်စားနေသည့် လယ်သမားများအဖို့ လယ်ပိုင်ရှင်ကို အခွန်ပြန်လည်ပေးဆောင်ရန်မှာ မနိုင်မနင်း ဖြစ်သည့်ကြားက စစ်တပ်မှ ယခုလို အခွန်အဆက်မပြတ် ကောက်ခံလျှက် ရှိနေတာကြောင့် ဒေသခံလယ်သမားများ စားဝတ်နေရေးအခက်အခဲ ပိုမိုဆိုးရွားစွာ ခံစားနေကြရ သည်ဟု ဒေသခံလယ်သမားများက ပြောသည်။
များသောအားဖြင့် ကရင်နီလူမျိုးများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း စသည့် အလုပ်များကို လုပ်ကိုင်စားသောက် နေကြရတာခြင်းဖြစ်ပြီး ယခင်နှစ်များတွင် ဆန်တအိတ်လျှင် ၁၂ဝဝဝ ကျပ်ဈေးရှိပြီး ယခုနှစ်တွင် ဆန်တအိတ်လျှင် ၁၈ဝဝဝ ကျပ် ကျော်အထိ ဈေးတက်သွားသည်ဟု သိရသည်။
No comments:
Post a Comment